
APM ၊ နိုဗမ်ဘာ ၂၃/၂၀၂၃
ဒေနိ (နိုဗမ်ဘာ ၂၃ ရက်နိ)ညဇာက လားသျှိုးမြို့နယ်မာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁ ယောက်သီဆုံးလားပြီးကေ ၂ ယောက်ဒဏ်ရာရလားရေလို့ တအောင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ ဒေနိ (နိုဗမ်ဘာ ၂၃ ရက်နိ)၊ ညဇာ ၆ နာရီ ၅၅ မိနစ်အချိန် တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသ၊ လားသျှိုးမြို့နယ်၊ မန်ဖတ်ကျေးရွာဖက်မာ စစ်ကောင်စီတပ်က လက်နက်ကြီးနန့် (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခပြီးကေ ယင်းလက် နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မန်ဖတ်ကျေးရွာက ဒေသခံ ၁ ယောက် ကျည်ထိမှန်သီဆုံးခပနာ ၂ ယောက်ဒဏ် ရာရလားခရေ လို့ ဆိုပါရေ။
အလားတူ ဒေနိ ညဇာ ၄ နာရီ ဝန်းကျင်မာလည်း မူဆယ်မြို့နယ်မာ စစ်ကောင်စီ၏ ၁၀၅ မိုင်တပ်စခန်းက ပစ်ခတ်ခရေ လက်နက်ကြီးစွာ နမ့်အွမ်ကျေးရွာအတွင်း ကျရေက်ပေါက်ကွဲခလို့ လူနီအိမ် ၂ လုံး ထိခိုက်ပျက်စီးခရေလို့ ဖော်ပြထားပါသိမ့်ပါရေ။
အလားတူ နိုဗမ်ဘာ ၂၁ ရက်နိ၊ မိုးထ ၉ နာရီ ဝန်းကျင်မာ စစ်ကောင်စီတပ်၏ သီပေါမြို့တပ်စခန်းကနီ ကျင်သီတန်းထားသို့ လက်နက်ကြီးပစ်ခတ်လို့ ကျေးရွာအနား လယ်ကွင်းနန့် စံဖိတ်ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခပြီးကေ ဒေသခံအမျိုးသမီး ၁ ယောက်သီဆုံးပနာ ၆ ယောက် ထိခိုက်ဒဏ်ရာ ရဟိခရေလို့ သိရပါရေ။
တအာင်းပြည်နယ်မာ ဖော်ဆောင်နီရေ ၁၀၂၇ စစ်ဆင်ရီးစတင်ချိန်ကစလို့ ဒေနိအထိ စစ်ကောင်စီတပ်စွာ အရပ်သားနီ အိမ်တိနန့် ပြည်သူလူထုကို လက်နက်ကြီးနန့် ဦးတည်တိုက်ခိုက်မှုတိကြောင့် ဒေသခံပြည်သူ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာရဟိခပြီးကေ အချေ ၁၄ ယောက်အပါအဝင် ၆၀ ကျော် သီဆုံးခရရေလို့ ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။


