
APM ၊ နိုဗမ်ဘာ ၂၃ /၂၀၂၃
နိုဗမ်ဘာ ၂၂ ရက်နိမာ ကျောက်ဖြူမြို့က အသက် ၂၀ ကျော်အရွယ် အမျိုးသမီးချေတယောက်နန့် သက်လတ်ပိုင်းအရွယ် အမျိုးသားတယောက်ကို စစ်ကောင်စီတပ် ဖမ်းဆီးလားကြောင်း သိရပါရေ။
ဖမ်းဆီးခံရလူတိမာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်က မခင်ငြိမ်းငြိမ်းချမ်း(၂၂ နှစ်) နန့် ကုလဘာတောင်ရပ်ကွက်က ဦးထွန်းနု (၃၀ နှစ်) ဖြစ်ပါရေ။
ယင်းအထဲက မခင်ငြိမ်းငြိမ်းချမ်းစွာ စေတီတောင်ရပ်ကွက်မာအလှကုန်ပစ္စည်းအရောင်းဆိုင် ဖွင့်ထားစွာဖြစ်ပြီးကေ သူ့ကို နိုဗမ်ဘာ ၂၂ ရက်နိ၊ နိခင်း ၁ နာရီလောက်မာ ကျောက်ဖြူမြို့မရဲစခန်းက ရဲသားနန့် ရဲမေ ပူးပေါင်းအင်အား ၂၀ လောက်စွာ ဆိုင်ထဲသို့ ဝင်ဖမ်းလားခစွာဖြစ်ပါရေ။
ဦးထွန်းနုကိုတော့ နိုဗမ်ဘာ ၂၂ ရက်နိ၊ မိုးထ ၁၀ နာရီလောက်မာ စစ်ကောင်စီတပ်နန့် ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၃၀ လောက်က စစ်ဆီးမိန်းမြန်းဖို့ဆိုပနာ အိမ်သို့ ဝင်ဖမ်းလားစွာပါ။
ကုန်ခရေ နိုဗမ်ဘာ ၂၀ ရက်နိကလည်း စစ်ကောင်စီစွာ ကျောက်ဖြူက အရပ်သားပြည်သူ ၄ ယောက်ကို နီအိမ်တိသို့ ဝင်ရောက်ဖမ်းဆီးလားခပါသိမ့်ရေ။
အလားတူ နိုဗမ်ဘာ ၁၃ ရက်နိကလည်း ရပ်ကွက်အုပ်ချုပ်ရီးမှူးတယောက်အပါအဝင်ကျောက်ဖြူမြို့ခံ ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းလားခပါကြောင်း သိရပါရေ။
ရက္ခိုင့်တပ်တော်နန့်တိုက်ပွဲဖြစ်တိုင်း စစ်ရီးအရ အရေးနိမ့်လာရေဆိုကေ စစ်ကောင်စီစွာ ရက္ခိုင်က အပြစ်မဲ့ပြည်သူတိကို အကြောင်းအမျိုးမျိုးပြဖမ်းဆီးလိဟိပါရေ။
