APM၊ နိုဗမ်ဘာ ၂၃/၂၀၂၃
ဒေနိ(နိုဗမ်ဘာ ၂၃ ရက်နိ)မိုးထ ၁၁ နာရီခွဲ လောက်မာ စစ်ကောင်စီ၏ ရီတပ်စစ်သင်္ဘောကနီပစ်လိုက်တေ ဒုံးကျည် ကျရောက်ပေါက်ကွဲလို့ ပေါက်တောမြို့၊ ဘဝမ်းရပ်ကွက် မီးလောင်နီကြောင်း သိရပါရေ။
စစ်ကောင်စီစွာ ဒေနိမိုးထကပင် စစ်သင်္ဘော ၅ စီးလောက်နန့် ပေါက်တောမြို့ကို အဖက်ဖက်က ဝိုင်းဝန်းပစ်ခတ်နီရေပိုင် စစ်တွေမြို့ ရဲတပ် ရင်း(၁၂)ကလည်း လက်နက်ကြီးနန့် တရစပ် ပစ်ခတ်နီပါရေ။
ယင်းလက်နက်ကြီးကျည်တိ၊ ရော့ကတ်ဒုံးကျည်တိစွာ ပေါက်တောမြို့ ၊ ဘဝမ်းရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခပြီးကေ ရပ်ကွက်အတွင်း မီးလောင်နီရေလို့ မျက်မြင်ဒေသခံတိကပြောပါရေ။
စစ်ကောင်စီစွာ ပေါက်တောမြို့ကို မြောက်ဦးမြို့နယ် လီညှင်းသာ ရွာအောက်က စစ်သင်္ဘော တစီး၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာနားတစီး၊ ပေါက်တောမြို့နယ် င/ပြီကျွန်း မြစ်ထဲတစီး၊တောင်းဖူးရွာနားကတစီး၊ ရဗီးချပ် တောင်နားတစီး၊ စုစုပေါင်း စစ်သင်္ဘော ၅ စီးလောက်နန့် နိစဉ်ရက်ဆက် ရောကတ်ဒုံးကျည်တိအပါအဝင် လက်နက်ကြီး၊လက်နက်ချေတိနန့်ပစ်ခတ်နီပါရေ။
ယင်းအပြင် စစ်တွေအခြီစိုက် စစ်ကောင်စီတပ်ခလရ (၂၀) နန့် ရဲတပ်ရင်း (၁၂) ရို့ကလည်း လက်နက်ကြီးတိနန့် ပစ်ကူ ပီးနီကြောင်းသိရပါရေ။
ကုန်ခရေ နိုဗမ်ဘာ ၂၂ ရက်နိကလည်း စစ်ကောင်စီစွာ MIG-35 ရဟတ်ယာဉ်အပြင် ဂျက်ဖိုင်တာတိုက်ခိုက်ရီး လီယာဉ်တိနန့်ပါ ပေါက်တောမြို့ လူနီရပ်ကွက်တိကို တရစပ်ပစ်ခတ်တိုက်ခိုက်ခပါသိမ့်ရေ။