
APM ၊ နိုဗမ်ဘာ ၂၃ / ၂၀၂၃
မင်းပြားမြို့နယ်မာ ဒေနိ(နိုဗမ်ဘာ ၂၃ ရက်နိ)မိုးထစောစောချေက စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးပစ်ခတ်လို့ အပြစ်မဲ့ပြည်သူ ၁ ယောက် သီဆုံးလားပနာ ၁ ယောက် ဒဏ်ရာရလားကြောင်း သိရပါရေ။
သီဆုံးလားလူစွာ မင်းပြားမြို့နယ်၊ ကေသလာချောင်းဝရွာက ဦးဖြူလုံး (၇၃ နှစ်)ဖြစ်ပြီးကေ ဒဏ်ရာရလားလူမာ လက်ဝါးခတ်ရွာက ဦးသန်လုံးမောင်(၅၂နှစ်) ဖြစ်ပါရေ။
ဒေနိ မိုးထစောစော ၁၂ နာရီကျော်လောက်ကစပနာ မိုးထ ၂ နာရီအထိ မင်းပြားမြို့၊ မယ်တော်တောင်မာ တပ်စွဲထားရေ စစ်ကောင်စီတပ်က လက်နက်ကြီး အလုံး ၁၀ ကျော်လောက် ပစ်ခတ်ခပါရေ။
ယင်းအထဲက လက်နက်ကြီးကျည်တလုံးစွာ ဦးဖြူလုံး၏ လယ်တဲအနားမာကျရောက်ပေါက်ကွဲခလို့ ဦးဖြူလုံးမာ နီရာမာပင် ဂွင်တိုင်း သီဆုံးလားကြောင်း ရွာသားတိကပြောပါရေ။
ယင်းအပြင် ဦးဖြူလုံးနန့် တဲနီးပါးချင်းဖြစ်သူ လက်ဝါးခတ်ရွာသား ဦးသန်းလုံးမောင်၏ လယ်တဲနန့် မနီးမဝီးမာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခပြီးကေ ဦးသန်လုံးမောင်၏ ညာဖက်လက်မောင်းမာ ကျည်စကျလားလို့ ဒဏ်ရာစကေရဟိခပါသိမ့်ရေ။
ကုန်ခရေ နိုဗမ်ဘာ ၁၇ ရက်နိ ညည့်ကလည်း စစ်ကောင်စီတပ်က ရည်ရွယ်ချက်ဟိဟိလက်နက်ကြီးပစ်ခတ်လို့ မင်းပြားက အပြစ်မဲ့ပြည်သူ ၁ ယောက် သီဆုံးပနာ ၆ ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရ ဟိခသိမ့်ကြောင်း သိရပါရေ။
