APM ၊ အောက်တိုဘာ ၂၃ / ၂၀၂၃
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ဦးဆောင်ရေ အာရက္ခပြည်သူ့အစိုးရ၏ တရားဥပဒေရီးရာဌာနမာ ၂၀၂၃ ခုနှစ်၊ ဂျန်နဝါရီလကနီ စပ်တမ်ဘာလအတွင်းအမှုပေါင်း ၃၄၂၂ မှုကို ဖြီယှင်းပီးနိုင်ခကြောင်း တရားဥပဒေရီးရာဌာန ၏ တရားဝင်လူမှုကွန်ရက်စာမျက်ဖြစ်တေ Justice For Arakan က ဒေနိ(အောက်တိုဘာ ၂၃ ရက်နိ) အသိပီးထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဂျန်နဝါရီလကနီ စပ်တမ်ဘာလအထိ အာရက္ခပြည်သူ့အစိုးရ၊ တရားဥပဒေရီးရာဌာနမာ အမှုပေါင်း ၃၄၂၂ မှုကို ဖြီယှင်းနိုင်ခပြီးကေ ယင်းအထဲ ရာဇဝတ်မှု ၁၅၄၀ နန့် တရားမမှု ၁၈၈၂ မှုပါဝင်ရေလို့ ဆိုပါရေ။
ဒေဂု ၂၀၂၃ ခုနှစ်၊ ဂျန်နဝါရီ လက စပ်တမ်ဘာလအထိလည်း တရားဥပဒေရီးရာဌာနသို့ ရာဇဝတ်မှု ၁၃၉၁မှု၊ တရားမမှု ၁၇၂၁ မှု၊စုစုပေါင်း အမှု ၃၁၁၂ မှုတိုင်တန်းခကတ်တေလို့လည်း Justice For Arakan က အသိပီးထားပါရေ။
အလားတူ ကုန်ခရေ ၂၀၂၂ ခုနှစ်အတွင်း တရားဥပဒေရီးရာဌာနမာ တိုင်းတန်းခရေအမှုတိထဲက အမှုပေါင်း ၂၈၈၂ မှုစွာ မဖြီးယှင်းခရသိမ့်ဘဲ ကျန်နီခရေလို့လည်း ဖော်ပြထားပါရေ။
ယင်းကြောင့် ၂၀၂၃ ခုနှစ် ဂျန်နဝါရီလကနီ စပ်တမ်ဘာလအထိ တရားဥပဒေရီးဌာနမာ အမှုပေါင်း ၅၉၉၄ မှုကို ကိုင်တွယ် ဖြီယှင်းခရပြီးကေ ယင်းအထဲက အမှုပေါင်း ၃၄၂၂ မှုကို ဖြီးယှင်းပီးထားနိုင်ခပနာ ရာဇဝတ်မှု ၈၅၀ နန့် တရားမမှု ၁၇၂၂ မှု၊ အမှုစုစုပေါင်းလည်း ၂၅၇၂ မှု ဖြီးယှင်းဖို့ ကျန်နီသိမ့်ရေလို့လည်း ထုတ်ပြန်ချအရသိရပါရေ။
အာရက္ခပြည်သူ့အစိုးရ၊ တရားဥပဒေရီးရာဌာနသို့ တိုင်တန်းလာရေအမှုတိထဲမာ တရားမမှုအများဆုံးပါဝင်နီစွာကို တွိရပါရေ။
ယင်းပိုင်တရားမမှုများနီရရေအကြောင်း ရင်းကတော့ အမှုသဘောသဘာဝအရ အမှုဖြီယှင်းရာမာ တရားမမှုက ရာဇဝတ် မှုထက်ကြန့်ကြာ တက်စွာကြောင့်လို့လည်း Justice For Arakan ၏ ဒေနိ အသိပီးထုတ်ပြန်ချက်မာ ဖော်ပြပါဟိပါရေ။