
APM ၊ ဂျန်နဝါရီ ၂၃ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းလားခပြီးနောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့်တရားစွဲခံထားရသည့် မင်းပြားမှ အပျော်တမ်းဓာတ်ပုံဆရာဦးစောမိုးကျော် အပါအဝင် အပြစ်မဲ့ပြည်သူ ၇ ယောက်အမှုကို ဒေနိ(ဂျန်နဝါရီ ၂၃ ရက်နိ) ၌ ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခကေလေ့ တရားလိုမရောက်ဟုဆိုကာ လာမည့် ဂျန်နဝါရီ ၂၇ ရက်နိသို့ ရုံးချိန်း ထပ်ရွှိလိုက်ကြောင်း သိရသည်။
ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရပြီး၊ ရုံးချိန်းအရွှိခံနီရသူများမှာ မင်းပြားမြို့မှ အပျော်တမ်းဓာတ်ပုံ ဆရာ ဦးစောမိုး ကျော်၊ ကျောက်တော်မြို့နယ်၊ ဝပြန်ရွာမှ ကိုမောင်သန်းဌေး၊ ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ ဦးသန်းစိုး၊ ပုဏ္ဏားကျွန်းမြို့နယ်၊အောင်ဖြူပြင်ရွာမှကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်မှ ကိုမောင်ချေ(ခ) မောင်မျိုး ကို၊ မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွက်မှ ကိုကျော်မောင်လင်း ရို့ ဖြစ်ကတ်သည်။
အမှုကို ဒေနိမိုးထ ၁၁ နာရီတွင် ရုံးထုတ်ခကေလေ့ မြန်မာစစ်တပ်ဖက်မှ တရားလို မရောက်ဟုဆိုကာ မစစ်ဆီးခဘဲ လာမည့် ဂျန်နဝါရီ ၂၇ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
သူရို့ ၇ ယောက်သည် ပြီးခသည့် ရက္ခိုင်ပြည်တကျော့ပြန်တိုက်ပွဲကာလအတွင်းက ကျောက်တော်အခြီစိုက် မြန်မာ စစ်တပ် စကခ(၉)နန့် ခမရ(၅၃၉) စစ်ဆီးရီးဂိတ်များတွင် အသီးသီအဖမ်းခံခရသူများဖြစ်ပြီး၊ ကုန်ခသည့် ဒီဇမ်ဘာ ၆ ရက်နိက မြန်မာစစ်တပ်ဖက်မှ ရဲစခန်းသို့လွှဲပြောင်းကာ ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်တရားစွဲဆို ထားခြင်းဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၇ ယောက်ကို ကျောက်တော်မြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး၊ ယင်းသို့ ရုံးချိန်းအရွှိခံရသည်မှာ အဂုတကြိမ် ဆို လျှင် (၅) ကြိမ်ဖြစ်ကြောင်း သိဟိရပါသည်။
