APM ၊ ဂျန်နဝါရီ ၂၃ / ၂၀၂၃
ဆိုမာလီယာနိုင်ငံမြို့တော် မိုဂါဒစ်သျှူးဟိ အစိုးရအဆောက်အဦးတခုကို ဂျန်နဝါရီ ၂၂ ရက်မှာ အယ်လ်ချာဘတ် အဖွဲ့ဝင်များ တိုက်ခိုက်၍ အရပ်သား ၈ ယောက်ထက်မနည်း သီဆုံးခသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
မိုဂါဒစ်သျှူးမြို့တော်ဝန်ရုံးမှာ ဂျန်နဝါရီ ၂၂ ရက်နိ မွန်းတည့်ချိန်လောက်က တိုက်ခိုက်မှုဖြစ်ပွားရာ အရပ်သား ၈ ယောက် သီဆုံးခသည်။ ရဲတပ်ဖွဲ့က ယင်းတိုက်ခိုက်သူ အယ်လ်ချာဘတ် အဖွဲ့ဝင် ၆ ယောက်ကို ဖမ်းဆီးနိုင်ခပြီး ကွပ်မျက်လိုက်သည်ဟု သတင်းများက ဆိုသည်။
တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အရပ်သား ၈ ယောက်သီဆုံးပြီး၊ ပြန်ကြားရီးဝန်ကြီးဌာကတော့ လူ ၅ ယောက်ထက် မနည်း သီဆုံးကြောင်း သတင်းထုတ်ပြန်ထားသည်။ ယင်းအပြင် နောက်ထပ် ဒဏ်ရာရသူများလေ့ အများအပြား ဟိနီပြီး သီဆုံးသူ နောက်ထပ်လေ့ ဟိနိုင်သိမ့်ကြောင်း ဒေသခံများက ဆိုသည်။
လက်ဟိမြို့တော်၏အခြေအနေမှာ တည်ငြိမ်နီပြီး၊ ညဇာက ၆ နာရီလောက်မှာ နယ်မြီယှင်းလင်းရီး လုပ်ခသည်ဟု ပြန်ကြားရီးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အယ်လ်ချာဘတ်အဖွဲ့သည် ၂၀၀၆ ခုနှစ်ကတည်းကပင် နိုင်ငံတဝန်းမှာ အစိုးရကို ဆန့်ကျင်တော်လှန် တိုက်ခိုက် နီခသည့် အယ်လ်ကိုင်းဒါးနန့်ဆက်စပ်သည့် အဖွဲ့အစည်းဖြစ်သည်။
Photo : AP