
APM၊အောက်တိုဘာ ၂၂/၂၀၂၂
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖလောင်းပြင်ရွာအနီး ကြပ်စင်တန်းထားအနောက်ဖက်ကွင်းအမှတ် ၁၃၂၀ (က)၌ပိုင်သျှင် ဦးသန်းဝင်းစိုက်ပျိုးထားသော လယ် ဧက ၁.၆ ဧကအတွင်း စပါးများအား မင်းပြားအခြီစိုက် စစ်ကောင်စီတပ် ခမရ(၅၄၁)တပ်ရင်းမှ တပ်ဖွဲ့ဝင် အင်အား ၈ ယောက်ခန့်က ပိုင်သျှင်ခွင့်ပြုချက်မဟိဘဲ အတင်းအဓမ္မ ဝင်ရောက် ရိတ်သိမ်းနီကြောင်း သတင်းရဟိသည်။
ဒေနိ(အောက်တိုဘာ ၂၂ ရက်နိ) မိုးထ ၇ နာရီခွဲမှစ၍ လက်ဟိအချိန်ထိ မောင်းညိုအဆင့်ဟိ ယင်းစပါးများ ကို ဆက်လက် ရိတ်သိမ်းလျက်ဟိကြောင်း သိရသည်။
ဇာကြောင့် ပိုင်သျှင်ခွင့်ပြုချက်မရဘဲ အတင်းအဓမ္မ ဝင်ရောက်ရိတ်သိမ်းသည်ကို မသိရကေလေ့ ရိတ် သိမ်းပြီးသောစပါးများကိုဘောက်သာအိတ်နန့်ထည့် ၍ ယူဆောင်လားကြောင်း သိရသည်။
Please follow and like us: