
APM ၊ စပ်တမ်ဘာ ၂၂ / ၂၀၂၃
မြေပုံမြို့နယ်မာ စပ်တမ်ဘာ ၂၁ ရက်နိ ညဇာက ကဏန်းမြုံးထောင်လားရေ ဒေသခံအမျိုးသားတယောက် ရီမြုပ်သီဆုံးလားကြောင်းသိရပါရေ။
ရီမြုပ်သီဆုံးလားလူမာ မြေပုံမြို့နယ်၊ ကြက်ရေကြီးရွာက ဦးအောင်နိုင်ဦး( ၅၀ နှစ်)ဖြစ်ပါရေ။
ဦးအောင်နိုင်ဦးစွာ စပ်တမ်ဘာ ၂၁ ရက်နိ မိုးထ ၁၁ နာရီလောက်က ကဏန်းမြုံးထောင်ဖို့ နီအိမ်က ထွက်လားပြီးနောက် ပြန်မရောက်ဘဲ ပျောက်လားစွာဖြစ်ပါရေ။
ယင်းနောက် ရွာသားတိဝိုင်းဝန်းရှာဖွိကတ်ရာ ရွာအရှိဖက်ဟိ ပုဇွန်တာမာ ရီမြုပ်သီဆုံးနီရေ ဦးအောင်နိုင်ဦး ရုပ်အလောင်းကို ယင်းနိညဇာ ၃ နာရီလောက်က ရှာတွိခပါရေ။
ဦး အောင်နိုင်ဦး ရုပ်အလောင်းကိုတော့ ညဇာ ၅ နာရီက ရွာသင်္ချိုင်းမာ မြီမြှုပ်သင်္ဂြိုလ်ပြီးဖြစ်ကြောင်း သိရပါရေ။
APM က ကောက်ယူထားချက်အရ ရက္ခိုင်မာ ဒေလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရီမြုပ်သီဆုံးလားလူ စုစုပေါင်း ၁၄ ယောက်အထိဟိလာပြီးကေ ယင်းအထဲ အချေ ၅ ယောက်ပါဝင်ပါရေ။
