APM ၊ စပ်တမ်ဘာ ၂၂ / ၂၀၂၃
ထိုင်းနိုင်ငံမာ လက်ဟိကျင့်သုံးနီရေ ဆီးခြောက်မူဝါဒကို ပြုပျင်ပနာ ခြောက်လအတွင်း ဆီးဖက်ဆိုင်ရာအတွက် သုံးစွဲမှုကို ပိတ်ပင်တားမြစ်လားဖိုလို့ ဝန်ကြီးချုပ် ဆရီသာ သာဗီဆင်က ပြောကြားပါရေ။
ထိုင်းနိုင်ငံရေ ကုန်ခရေ ၂၀၂၂ ခုနှစ်က ဆီးခြောက်ကို မူးယစ်ဆီးဝါးအဖြစ်က ပယ်ဖျက်ခပြီးနောက် အာသျှမာ ဆီးခြောက်ကို တရားဝင်ခွင့်ပြုပီးရေ နိုင်ငံဖြစ်လာပြီးကေ ဘန်ကောက်၊ ချင်းမိုင်နန့် ပတ္တရားရို့ပိုင် နာမည်ကြီးခရီးလားနီရာတိမာ ဆီးခြောက် ကဖေးနန့် ဆီးခြောက်အရောင်းဆိုင်တိ ထွန်းကားလာစွာဖြစ်ပါရေ။
ယေကေလေ့ ဆီးခြောက်သုံးစွဲမှုကိုထိန်းဖို့ ဥပဒေတိမဟိလို့ နိုင်ငံတွင်း ဆီးခြောက်နန့်ပတ်သက်တေ တရားဥပဒေတိ လစ်ဟာလားပါရေ။
ယင်းကြောင့် ကုန်ခရေ ဩဂတ်စ်လမာ အာဏာရလာရေ ဝန်ကြီးချုပ်သစ်စွာ အဆိုပါဥပဒေကို ပြောင်းလဲဖို့နန့် ဆီးခြောက်ကို အပန်းဖြေဖို့သက်သက် အသုံးပြုမှုကို တားမြစ်ဖို့ညွှန့်ပေါင်းအစိုးရနန့် သဘောတူညီချက်တခု ရဟိထားရေလို့ ဆိုပါရေ။
ဆရီသာ သာဗီဆင်က လက်ဟိမာ ဆီးခြောက်သုံးစွဲခွင့်ကို ခွင့်ပြုပီးထားစွာကြောင့် ဆီးခြောက်အလွန်အကျွံသုံးစွဲမှုနန့် တခြား ပြဿနာတိ ဖြစ်ပွားနီရေလို့ ထည့်သွင်းပြောကြားခပါရေ။
လက်ဟိ ထိုင်းနိုင်ငံမာ အသက် ၂၀ အောက်အရွယ် လူငယ်တိ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတိကိုပါ ရောင်းချခွင့် တရားဝင်ရနီ ပြီးကေ ဆီးခြောက်ပါဝင်ရေ အစားအစာတိကပင်အစ စားသောက်ဆိုင်တိမာ လွယ်လင့်တကူ ရဟိနီပါရေ။
Source – Thailand to clamp down on cannabis use in major U-turn on drug policy
Photo – Reuters