
APM ၊ စပ်တမ်ဘာ ၂၂ / ၂၀၂၃
ကျောက်တော်မြို့၊မြို့သစ်မှန်ကျောင်းစစ်ဖီးယှောင်စခန်းမာ လတ်တလော စားနပ်ရိက္ခာနန့်အခြီခံလူသုံးကုန်ပစ္စည်းတိ အရေးတကြီးလိုအပ်နီရေလို့ သိရပါရေ။
မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ယင်းစစ်ဖီးယှောင်စခန်းကနီအိမ်တိ အားလုံး ပြိုပျက်ခရပြီးနောက် စစ်ဖီးယှောင်တိစွာ လူမှုစီးပွားအခက်အခဲတိနန့် ရင်ဆိုင်နီကတ်ရပြီးကေ စားဝတ်နီရီး အခက်အခဲဖြစ်နီကတ်ရကြောင်း စစ်ဖီးယှောင်တိက ပြောပါရေ။
စခန်းဟိ စစ်ဖီးယှောင်အများစုလည်း ကြုံရာကျဗန်းအလုပ်လုပ်လို့ စားဝတ်နီရီးအတွက် ဖြစ်ပိုင် ရုန်းကန်နီ ကတ်ရလူတိဖြစ်ပြီးကေ မုန်တိုင်းတိုက်ပြီးနောက်ပိုင်း အလုပ်အကိုင် ယှားပါးလားရေပိုင် ကုန်ဈီးနှုန်းတိလည်း အဆမတန်တက်နီလို့ အဆင်မပြေမှုတိကို ဆိုးဝါးစွာရင်ဆိုင်နီကတ်ရရေလို့ဆိုပါရေ။
ယင်းအပြင် ယင်းစစ်ဖီးယှောင်စခန်းဟိ ယာယီအဆောင်တိကိုလည်း ကန်စပ်တိနန့် ယာယီ မိုးထားရပြီးကေ အပူတပြင်း ပြန်ပြုပျင်ဖို့လိုအပ်နီရေလို့ သိရပါရေ။
အဆိုပါ စစ်ဖီးယှောင်စခန်းမာ အချေတိနန့် သက်ကြီးရွယ်အိုတိအတွက်လည်း ကျန်းမာရီးစောင့်ယှောက်မှု လိုအပ်နီရေပိုင် အမျိုးသမီးလစဉ်သုံးပစ္စည်းတိအပါအဝင် တခြားအခြီခံလူသုံးကုန်ပစ္စည်းတိလည်း အရေးပေါ် လိုအပ်နီပါရေ။
မြို့သစ်မှန်ကျောင်းစစ်ဖီးယှောင်စခန်းမာအိမ်ထောင်စု ၄၂ စု နန့် လူဦးရေ ၁၅၂ ယောက်ခိုလှုံနီရေလို့ သိရပါရေ။
