APM ၊ စပ်တမ်ဘာ ၂၂ / ၂၀၂၃
တောင်ကုတ်မာ စပ်တမ်ဘာ ၂၁ ရက်နိ ညဇာက အပြစ်မဲ့ အရပ်သားပြည်သူ တယောက်ကို စစ်ကောင်စီ ရဲတပ်ဖွဲ့ ဖမ်း လားကြောင်း သိရပါရေ။
အဖမ်းခံရလူမှာ တောင်ကုတ်မြို့နယ်၊ မိုးထိ တိုက်နယ်၊ ကြိုးကြာရွာက ဦးမောင်စံဝေ(၄၄နှစ်) ဖြစ်ပါရေ။
ဦးမောင်စံဝေကို စပ်တမ်ဘာ ၂၁ ရက်နိ၊ ညဇာ ၄ နာရီလောက်က တောင်ကုတ်မြို့မရဲစခန်းက ဒု-ရဲအုပ် လင်းကိုကိုနိုင်ဦးဆောင်ရေ ရဲတပ်ဖွဲ့ဝင် ၆ ယောက်က လက်နက်အပြည့်အစုံနန့် နီအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးလားခသည်။
စစ်ကောင်စီစွာ ဒေရက်ပိုင်းအတွင်း တောင်ကုတ်အပါအဝင် ရက္ခိုင်ပြည်မြို့နယ်အများစုက ဒေသခံတိကို တင်းတင်းကျပ်ကျပ်စစ်ဆီးစွာ၊ မြို့ထဲတိမာ အင်အားပြ လှည့်လည်လားလာစွာ၊ စစ်အင်အားဖြည့်စွာတိအပါအဝင် အပြစ်မဲ့ ဒေသခံတိကိုပါ မတရားဖမ်းဆီးစွာတိ လုပ်ဆောင်လာနီပါရေ။
ကုန်ခရေ ၂၀၂၂ခုနှစ်တကျော့ပြန် တိုက်ပွဲကာလကလည်း စစ်ကောင်စီစွာ ရက္ခိုင်ပြည်မြို့နယ်အသီးသီးက အပြစ်မဲ့ပြည်သူ ၂၀၀ ကျော်ကို ဖမ်းဆီးခပါသိမ့်ရေ။
ယင်းအထဲက တချို့မာ ပြန်လွတ်လာရေပိုင်၊ တချို့လည်း မတရားသဖြင့် ထောင်ဒဏ် ချမှတ်ခံခရပနာ လက်ဟိအချိန် ထိမလွတ်သိမ့်ဘဲ အမှုရင်ဆိုင်နီရရေလူ ၁၀၀ ကျော် ကျန်နီသိမ့် ရေလို့ သိဟိရပါရေ။