APM၊ စပ်တမ်ဘာ ၂၂/ ၂၀၂၃
ဒေဂု စပ်တမ်ဘာလ နောက်ဆုံး ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မာ လီဖိအားနည်းရပ်ဝန်း တကြိမ်ဖြစ်ပေါ်နိုင် ပြီး ကေ ပိုလို့အားကောင်းပနာ မုန်တိုင်းချေ ဖြစ်ပေါ်နိုင်ရေလို့ မိုးလီဝသနန့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်ထားပါရေ။
အနောက်တောင်မုတ်သုံလီရေ ဒေနိ(စပ်တမ်ဘာ ၂၂ရက်)နိကနီ၂၇ ရက်နိအတွင်း မြန်မာပြည်အလယ်ပိုင်းဒေသနန့် စပ်တမ်ဘာ ၂၈ ရက်နိကနီ အောက်တိုဘာ ၃ ရက်နိအတွင်း မြန်မာပြည်မြစ်ဝကျွန်းပေါ်ဒေသတိက ဆုတ်ခွာလားနိုင်ရေ လို့ ဆိုပါရေ။
မိုးရွာသွန်းမှုအခြေအနီကတော့ စပ်တမ်ဘာနောက်ဆုံးရက်တိအတွင်း စစ်ကိုင်း၊ မန္တလေးရို့မာ မိုးပိုရွာနိုင်ပြီးကေ နီပြည်တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီရို့မာ မိုးထစ်ချုန်းရွာနိုင်ရေလို့ ဖော်ပြထားပါရေ။
အလားတူ ကချင်ပြည်၊ ချင်းပြည်၊ သျှမ်းပြည်၊ ကရင်ပြည်၊ ကရင်နီပြည်နန့် မွန်ပြည်ရို့မာ မိုးထစ် ချုန်းရွာနိုင်ပြီးကေ ရက္ခိုင်ပြည်မာတော့ မိုးရွာစွာ လျော့နည်းလားနိုင်ရေလို့ ဆိုပါရေ။
စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနသင်္သာရီ၊ ကချင်ပြည်၊ ချင်းပြည်၊ ကရင်ပြည်နန့် မွန်ပြည်ရို့မာ ၇ ရက်ကနီ ၉ ရက်လောက်အထိ မိုးရွာနိုင်ပြီးကေ နီပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ သျှမ်းပြည်၊ ကယားပြည်နန့် ရက္ခိုင်ပြည်ရို့မာ ၄ ရက်က ၆ ရက်လောက် ရာ မိုးရွာနိုင်ရေလို့ သိဟိရပါရေ။
Photo – မိုး/ဇလ