PM၊ စပ်တမ်ဘာ ၂၂/၂၀၂၂
စပ်တမ်ဘာ ၂၁ ရက်နိ ညည့်အချိန်၌ စစ်ကောင်စီတပ် ခမရ(၃၀၈)တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းဗြဲမြို့ပေါ် ရပ်ကွက်တချို့ကို စီးနင်းဝင်ရောက်စစ်ဆီးမှုများပြုလုပ်ခကာ အရပ်သားပြည်သူ ၂ ယောက်ကို ဖမ်းဆီး ခေါ်ဆောင်လားကြောင်း သိရသည်။
အဖမ်းခံရသူ၂ယောက်မှာရမ်းဗြဲမြို့၊တန်းနားပြင်ရပ်ကွက်မှ ဦးနေလင်းထွန်း (၄၃ နှစ်) နန့် အင်းတောင်ရပ်ကွက်မှ ကိုသက်ခန့်ဇော် (ခ) ပုတောင် (၂၃နှစ်) ရို့ဖြစ်ကြောင်း သိရသည်။
စပ်တမ်ဘာ ၂၁ ရက်နိ ညည့် ၁၁ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နီအိမ်အတွင်းသို့ စီးနင်းဝင်ရောက်ကာ မွှီနှောက် ရှာဖွီမှုများပြုလုပ်၍ ဦးနေလင်းထွန်းကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်လားခပြီး၊ ကိုသက်ခန့်ဇော်ကိုလေ့ ယင်းနိ ညည့် ၁၁ နာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းယူလားခခြင်းဖြစ်သည်။
စစ်ကောင်စီသည် ယင်းနိ(စပ်တမ်ဘာ ၂၁ ရက်နိ) တရက်တည်းမှာပင် မင်းပြားမြို့၊ နားရမ်းကြီးရွာမှ ကိုအောင်ဇော်ဝင်း ဆိုသူကိုလေ့ ဖမ်းဆီးယူလားခသိမ့်သည်။
ကိုအောင်ဇော်ဝင်းကိုတော့ မင်းပြားအခြီစိုက် စစ်ကောင်စီတပ် ခမရ(၃၇၉)တပ်ရင်းမှတပ်ဖွဲ့ဝင်အင်အား ၅၀ကျော်ခန့် ပါဝင်သည့် စစ်ကြောင်းတခုက မင်းပြား၊ နားရမ်းလမ်းဆုံ၌ ကား၊ ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များကို ခေါ်ယူစစ်ဆီးနီစဉ် ကိုအောင်ဇော်ဝင်း မောင်းနှင်လာသည့် ကားကို ခေါ်ယူစစ်ဆီးမှုများပြုလုပ်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်လားခခြင်းဖြစ်သည်။
စပ်တမ်ဘာ ၂၀ ရက်နိကလေ့ အဆိုပါ ခမရ(၃၇၉) တပ်ရင်းမှ တပ်ဖွဲဝင်များသည် မင်းပြားမြိုထဲဟိ လမ်းဆုံ၊လမ်းခွများတွင် လား လာနီကတ်သည့် အရပ်သားပြည်သူများအား တင်းတင်းကျပ်ကျပ် စစ်ဆီးမှုများပြုလုပ်ခကာ အပြစ်မဲ့ဒေသခံ ၅ ယောက်ထက် မနည်းကို ဖမ်းဆီးခသိမ့်သည်။
အလားတူ တောင်ကုတ်မြို့နယ်တွင်လေ့ နယ်ချဲ့အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို မတရားလိုက်လံ ဖမ်းဆီးလျက်ဟိရာ စပ်တမ်ဘာ ၁၉ ရက်နိက ၂ယောက်၊ စပ်တမ်ဘာ ၁၈ ရက်နိက ၃ ယောက်နန့် စပ်တမ်ဘာ ၁၇ ရက်နိက ၂ ယောက်၊ ၄ ရက်အတွင်း တောင်ကုတ်မှ စုစုပေါင်း ၇ ယောက်ထက်မနည်း ထပ်မံ၍ ဖမ်းဆီးခကြောင်းသိရသည်။
(Zawgyi)
ရမ်းဗြဲက ၂ ယောက်ကို စစ်ကောင်စီ ဖမ်း
APM၊ စပ်တမ်ဘာ ၂၂/၂၀၂၂