APM၊ စပ်တမ်ဘာ ၁၁/၂၀၂၂
မင်းပြားမြို့နယ်တွင် ဒေနိ(စပ်တမ်ဘာ ၂၂ ရက်နိ) ညဇာ ၅ နာရီခန့်က စစ်ကောင်စီတပ်ထောင်ထားသောမိုင်းကို တက်နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ တယောက် သီဆုံးလားခကြောင်း သိရသည်။
သီဆုံးလားသူမှာ မင်းပြားမြို့နယ်၊ငန်းတက်အုပ်စု၊ အိုးပုံတောင်ရွာမှ ဦးထွန်းလှသိန်း(၄၃နှစ်)ဖြစ်ပြီး၊ ရွာ၏မြောက်ဘက် စစ်ကောင်စီ တပ် တိုင်းဗဟို(၉)အနားဟိ လယ်ပြင်တွင် တရွာတည်းနီ ညီဘုဆိုသူနန့်အတူ နွားကျောင်းနီစဉ် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းကို နင်းမိခြင်းဖြစ်သည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ဦးထွန်းလှသိန်း၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရဟိလားကာ နီရာ၌ပင် ပွဲချင်းပြီး သီဆုံးလားကြောင်း ရွာသားများက ပြောသည်။
အိုးပုံတောင်ရွာသည် တိုင်းဗဟို (၉) နန့် တမိုင်ကျော်ခန့်အကွာတွင် တည်ဟိပြီး၊ အိမ်ထောင်စု ၁၃၀ ခန့်ဟိကာ လူဦးရေ ၆၀၀ ကျော် ခန့် နီထိုင်လျက်ဟိကြောင်း သိရသည်။
ကုန်ခသည့် စပ်တမ်ဘာ ၁၁ ရက်နိကလေ့ မင်းပြားမြို့နယ်၌ စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကိုတက်နင်းမိ၍ ပေါက်ကွဲမှုဖြစ် ပြီး သမင်ခရာ(အိမ်ရှေ့မင်း) ရွာမှ ဦးမောင်အေးစိန်(၄၈ နှစ်)၏ ညာဘက်ခြီထောက်တဖက် ပြတ်ထွက်လားခရသည်။
ယင်းနည်းတူ ဂျူလိုင် ၃ ရက်နိကလေ့ အဆိုပါစစ်ကောင်စီတပ် တိုင်းဗဟို(၉) အနားတွင် မိုင်းတလုံးပေါက်ကွဲ၍ ဒေသခံ ချင်းလူငယ် တယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာ ရလားခသိမ့်သည်။
မင်းပြားအပါ အဝင် ရက္ခိုင်ပြည်မြို့နယ်များ၌ ဒေနှစ် မေလကနီ စပ်တမ်ဘာလအထိ (၃)လ အတွင်း မိုင်းပေါက်ကွဲမှု စုစုပေါင်း (၁၇) ကြိမ် အထိဖြစ်ပွားခပြီး အရပ်သားသီဆုံးသူ ၇ ယောက် နန့် ထိခိုက်ဒဏ်ရာရ သူ ၁၄ ယောက် အထိ ဟိခကြောင်း သိရသည်။
ယင်းအပြင် လယ် သမားများပိုင်ဆိုင်သည့် ကျွဲ၊ နွားသီဆုံးမှုများ၊အရပ်သားများ၏ကိုယ်လက်အင်္ဂါ၊ အသက် ဆုံးယှုးမှုများ ဆက်တိုက် ဖြစ်ပေါ် လျက်ဟိသည်။
မိုင်းပေါက်ကွဲမှုများသည် စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များနန့်နီးစပ်သည့်နီရာများ၊စစ်ကောင်စီတပ် တပ်စွဲနီထိုင်ခသည့် နီရာများ နန့် အယင်က တိုက်ပွဲဖြစ်ပွားခသည့်နီရာများ၌ ပေါက်ကွဲနီခြင်းဖြစ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) မှလေ့ “ပြည်သူများ အနီနန့် မိုင်းအန္တရာယ်ကြောင့် ကိုယ်လက် အင်္ဂါဆုံးယှုံးမှု၊ အသက်အန္တရာယ်ဆုံးယှုံးမှုများ မဖြစ်ရအောင် စစ်ကောင်စီတပ် တပ်ရင်းတပ်ဖွဲ့များနန့် နီးစပ်သော နီရာများ၊ တိုက်ပွဲဖြစ်ပွား ခသော နီရာများနန့် အယင်က စစ်ကောင်စီတပ် စခန်းချနီထိုင်ခသော နီရာများသို့ လုံးဝ မလားလာကတ်ရန် အကြိမ်ကြိမ် သတိပီး တိုက်တွန်း ထားကြောင်း သိရသည်။
(Zawgyi)
မင်းပြားမှာ စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းကို နင်းမိ၍ ဒေသခံတယောက် သီဆုံး ရပြန်
APM၊ စပ်တမ်ဘာ ၁၁/၂၀၂၂
