APM၊ စပ်တမ်ဘာ ၂၂/၂၀၂၂
ကျောက်ဖြူတွင် စပ်တမ်ဘာ ၂၁ ရက်နိ ညည့်က အသက် မပြည့်သိမ့်သော လူငယ် ၄ ယောက်အပါအဝင် ဒေသခံအရပ်သား ၅ ယောက်ကို ကျောက်ဖြူအခြီစိုက် စစ်ကောင်စီတပ် ခလရ (၃၄) တပ်ရင်းက ဖမ်းယူလားခကြောင်း သတင်းရဟိသည်။
အဖမ်းခံရသူများမှာ ကျောက်ဖြူမြို့အစိုးရပ်ကွက်မှ ဦးရန်နိုင်မင်း (ခ) သောက်ဆန်း (၄၂ နှစ်)၊ ကျောက်ဖြူမြို့နယ်၊ မလကျွန်းရွာမှ မောင်လှမြင့်ထွန်း(၁၇နှစ်)၊ မောင်သန်းစိန်(၁၆ နှစ်)နန့် ကျန် ၂ ယောက်မှာ မလကျွန်းသို့ အလည်ရောက်နီသည့် လူငယ် ၂ ယောက် ရို့ ဖြစ်ကတ် သည်။
ယင်းအထဲမှ ဦးရန်နိုင်မင်းကို စပ်တမ်ဘာ ၂၁ ရက်နိ ညည့် ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲဝင်များက နီအိမ်အတွင်းသို့ စီးနင်းဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်လားခခြင်းဖြစ်သည်။
မလကျွန်းမှ မောင်လှမြင့်ထွန်း၊ မောင်သန်းစိန်အပါအဝင် အသက် မပြည့်သိမ့်သော လူငယ် ၄ ယောက်ကိုတော့ စပ်တမ်ဘာ ၂၁ ရက်နိ ညည့်၌ ရွာလယ်ဟိ အဆောင်၌ လူငယ်များ စုပေါင်း အိပ်နီချိန်မှာ ခလရ (၃၄) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်းအား ၆၀ ခန့်က စစ်ကား ၂ စီးနန့် စီးနင်းဝင်ရောက်ပြီး ဖမ်းယူလားခသည်။
ကုန်ခသည့် ရက်ပိုင်းကလေ့ အဆိုပါ စစ်ကောင်စီတပ် ခလရ(၃၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်တချို့အထဲသို့ စီးနင်းဝင်ရောက်မွှီနှောက်ရှာဖွီမှုများပြုလုပ်ကာ အပြစ်မဲ့ဒေသခံပြည်သူ ၆ ယောက် ထက်မနည်း ဖမ်းယူလားခပါသိမ့်သည်။
လက်ဟိမှာလေ့ ကျောက်ဖြူအခြီစိုက် စစ်ကောင်စီတပ်ရင်းများသည် ကျောက်ဖြူမြို့နယ်အတွင်းမှ ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ အကြမ်းပတမ်း စီးနင်းဝင်ရောက်ကာ တက်ကြွလှုပ်ယှားသူများကို ရှာဖွီဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျက်ဟိ ကြောင်း သိရသည်။
(Zawgyi)
ကျောက်ဖြူ ဒေသခံ ၅ ယောက်ကို စစ်ကောင်စီ ထပ်ဖမ်း
APM၊ စပ်တမ်ဘာ ၂၂/၂၀၂၂
