
APM ၊သြဂတ်စ် ၂၂ /၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးစစ်ဖီးယှောင်စခန်းတွင် လက်ဟိ၌ စားဝတ်နီရီး အခက်အခဲများနန့် ရင်ဆိုင်နီကတ်ရကြောင်း သိရပါသည်။
ဗန်းဗွီးစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၂၅ စုနန့် လူဦးရေ ၁၁၇ ယောက်ခိုလှုံလျက်ဟိပြီး အများစုမှာ ပုဏ္ဏားကျွန်းမြို့ နယ် အောင်မကျော်၊ ဆင်သီဖျား၊လောင်းဘုတ် စသည့်ကျေးရွာများမှ ဖြစ်ပါသည်။
ယင်းစခန်းဟိ စစ်ဖီးယှောင်အများစုသည် လက်ဟိတွင် နိစား အလုပ်လုပ်ကိုင်နီကတ်ရသူများဖြစ်ပြီး လက်ဟိ အလုပ်အ ကိုင် ယှားပါးနီ၍ စားဝတ်နီရီးမှာ အခက်အခဲနန့် ရင်ဆိုင်နီကတ်ရကြောင်း စစ်ဖီးယှောင်များကပြောသည်။
ယင်းအပြင် အကူအညီများလာရောက်မှု နည်းပါး၍လည်း ပိုအခက်ကြုံကတ်ရပြီး တချို့မိသားစုများမှာ မလောက်မငှ စားသောက်နီကတ်ရသည် ဟုဆိုသည်။
အဆိုပါစစ်ဖီးယှောင်များမှ စစ်ဖီးယှောင်များမှာ နီးစပ်ရာ ကျေးရွာများတွင် နိစားအလုပ်ဖြင့် အသက်မွီးဝမ်းကျောင်း ပြု နီထိုင်ကတ်ခြင်းဖြစ်ပြီး မုန်တိုင်းတိုက်ပြီးနောက်တွင် အလုပ်အကိုင်များယှားပါးလာမှုကြောင့် ပြည်ပသို့ ထွက်ခွာသူများလေ့ ဟိကြောင်းသိရသည်။

