
APM ၊ သြဂတ်စ် ၂၂ / ၂၀၂၃
အစ္စရေး-ပါလက်စတိုင်းပဋိပက္ခများကြောင့် ဒေနှစ်အတွင်း ပါလက်စတိုင်းပြည်သူ ၂၀၀ ကျော်နန့် အစ္စရေးပြည်သူ ၃၀ နီးပါး သီဆုံးခပြီး ၂၀၀၅ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးလူသီဆုံးမှုဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
ဩဂတ်စ် ၂၁ ရက်နိကပြုလုပ်ခသည့် ကုလသမဂ္ဂ လုံခြုံရီးကောင်စီအစည်းအဝေးတွင် ကုလသမဂ္ဂအရှိပိုင်း အထူးသံတမန် သော်ဝမ်နတ်စ်လန်းတ်က ယင်းသို့ ပြောကြားခခြင်းဖြစ်ပြီး နှစ်ဖက်တင်းမာမှုများ ဆက်လက်ကြီးမားနီသိမ့်သည်ဟု ဆိုသည်။
သော် ဝမ်နတ်စ်လန်းတ်က အစည်းအဝေးမစခင် နာရီပိုင်းအလိုမှာပင် အနောက်ဖက်ကမ်းတွင် အစ္စရေးတယောက် သီနတ်ပစ် တိုက်ခိုက်မှုကြောင့် ထပ်မံသီဆုံးခပြီး ပါလက်စတိုင်းနန့် အစ္စရေးရို့အကြားတိုက်ခိုက်မှုများကြောင့် နိစဉ်နီးပါး လူသီဆုံးမှုနန့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားနီကြောင်း ပြောကြားခသည်။
ယင်းအပြင် ပါလက်စတိုင်းသည် လွတ်လပ်သည့်နိုင်ငံအဖြစ် ကြိုးပမ်းနီတုန်းဖြစ်၍ တိုက်ခိုက်မှုများ အဟိန်မြင့်လာနီပြီး လက်ဟိအခြေအနီကို တည်ငြိမ်စီရန် ဆောင်ရွက်မှုတချို့ ပြုလုပ်နီကေလေ့ နှစ်ဖက်တင်းမာမှုများ ဆက်လက် ဖြစ်ပွားနီကြောင်း သိဟိရသည်။
Source – This year over 200 Palestinians and nearly 30 Israelis have been killed, highest since 2005, UN says
Photo – Reuters
