APM၊ ဩဂတ်စ် ၂၂ / ၂၀၂၃
မြောက်ဦးမြို့နယ်၊ ညောင်ပင်လယ်ကျေးရွာ အထက်တန်းခွဲကျောင်းမှ Grade-9 ကျောင်းသူ ၄ ဦးသည် ဩဂတ်စ် ၂၁ ရက်နိက စာသင်ခန်းထဲတွင် ရုတ်တရက်အသက်ယှူကျပ်လာ၍ ဆီးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း သိရသည်။
အဆိုပါ ကျောင်းသူ ၄ ယောက်မှာ မမြတ်အေးခင်၊ မရွှီနီဝင်း၊ မမိုးမြတ်စံ၊ မနှင်းမြတ်ဦးရို့ဖြစ်ကတ်သည်။
၎င်းရို့မှာ ဩဂတ်စ် ၂၁ ရက်နိက စာသင်ခန်းထဲရောက်ပြီး မကြာခင်တွင် တယောက် နန့် တယောက်မိနစ်ရာခြားကာ အသက်ယှူကျပ်လာ၍ ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ ဖြိုးတိုးတက်ရီးလူ ငယ်အသင်း (PDYO)မှ အရေးပေါ် ကားဖြင့် ပုဏ္ဏားကျွန်းဆီးရုံသို့ပို့ဆောင်လိုက်ရဖြင်းဖြစ်သည်ဟုသိရသည်။
လက်ဟိတွင် ၎င်းကျောင်းသူ ၄ ယောက်စလုံးမှာမစိုးရိမ်ရသည့်အခြေအနီသို့ရောက်ဟိနီကေလေ့ အဆိုပါ အသက်ယှူကျပ်မှုဖြစ်ပွားရခြင်းနန့်ပတ်သတ်၍ တိတိကျကျမသိရသိမ့်ကြောင်းသိရသည်။
မြောက်ဦးမြို့နယ်တွင် ပြီးခသည့် ၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာလကလည်း ကျောင်းသား၊ ကျောင်းသူ ၁၀ ကျော်သည် စာသင်နီယင်းနန့် ရုတ်တရက် အသက်ယှူကျပ်လာသည့်အတွက် မြောင်းဘွေတိုက်နယ်ဆီးရုံသို့ အရေးပေါ်ပို့ ဆောင်ခရသိမ့်သည်။
Photo- PDYO