
APM ၊ ဩဂတ်စ် ၂၂ / ၂၀၂၃
ပြင်သစ်နိုင်ငံတွင် ပြင်းထန်သည့် အပူချိန်ဖြစ်ပွားနီသည့်အတွက် အမြင့်ဆုံး အနီရောင်အဆင့် မိုးလီဝသသတိပီးချက်ကို ဩဂတ်စ် ၂၁ရက်နိမှစ၍ ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ သတိပီးချက်သည် ပြင်သစ်မိုးလီဝသဌာနက ယခုနှစ်အတွင်း ပထမဆုံးထုတ်ပြန်ခြင်းဖြစ်ပြီး လိုအပ်လျှင် အားကဇတ်ပွဲများ၊ ယဉ်ကျေးမှုဆိုင်ရာပွဲများနန့် အများပြည်သူဆိုင်ရာ အဆောက်အအုံ များကို ပိတ်ထားရန် ဒေသဆိုင်ရာ အာဏာပိုင်များအား ဗဟိုအစိုးရက ညွှန်ကြားထားသည်။
နိုင်ငံ၏တောင်ပိုင်းဒေသများဖြစ်သည့် အာဒတ်ချီ၊ ဒရိုမီ၊ ဗူးကလူးစ်၊ ရုမ်း၊ ဂါ့ဒ်ဒေသများတွင် ဒေ(နိဩဂတ်စ် ၂၂ရက်နိ)အထိ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်မည်ဟု ခန့်မှန်းထားပြီး ပြည်သူများ အပူချိန်မှ ကာကွယ်နိုင်ရန် ယာယီ အဆောက်အအုံများ ပြုလုပ်ထားကြောင်း သိရသည်။
အလားတူ နိုင်ငံ၏ နယ်မြီထက်ဝက်လောက်တွင် အပူချိန်မြင့်တက်မှုအတွက် လိမ္မော်ရောင်သတိပီးချက် ထုတ်ပြန်ထားပြီး အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်မှ ၃၈ ဒီဂရီစင်တီဂရိတ်အကြားတွင် ဟိမည်ဟု ဆိုသည်။
ပြင်သစ်နိုင်ငံတောင်ပိုင်းဟိ ဓာတ်အားပီးကုမ္ပဏီတွင် နျူကလီးယားဓာတ်ပေါင်းဖိုကို အအီးပီးသည့် မြစ်ရီသည် အမြင့်ဆုံး အပူချိန်ကြောင့် ဩဂတ်စ် ၂၁ ရက်နိမှစ၍ ဓာတ်အားလိုင်းပြတ်တောက်ခကြောင်း သိဟိရသည်။
Source – France issues ‘red alert’ over heatwave in south
Photo – AP
