
APM၊ ဩဂတ်စ် ၂၂/ ၂၀၂၃
ဂရိနိုင်ငံအရှိမြောက်ပိုင်းတွင် တောမီးလောင်မှုကြောင့် သီဆုံးခသည့် ရုပ်အလောင်း ၁၈ လောင်းကို ဒေနိ(ဩဂတ်စ် ၂၂)ရက်နိတွင် ရှာဖွီကယ်ဆယ်ရီးသမားများက တွိဟိခရာ မီးလောင်မှုကြောင့် စုစုပေါင်းသီဆုံးလူ ၂၀ ထက်မနည်းဟိလာကြောင်း သိရသည်။
ဂရိနိုင်ငံနန့် တူရကီနယ်စပ်ဟိ ဒါဒီယာ အမျိုးသားဥယျာဉ်အနားတွင် အလောင်းများကို တွိဟိခခြင်းဖြစ်ပြီး အဆိုပါနယ်စပ် ဒေသသည် ရွှိပြောင်းနီထိုင်လူများနန့် ဒုက္ခသည်များ ဝင်ရောက်သည့်နီရာဖြစ်သည့်အတွက် မီးလောင်မှုအတွင်း သီဆုံးလူ များသည် ရွှိပြောင်းနီထိုင်လူများဖြစ်နိုင်ကြောင်း မီးသတ်ဌာနပြောခွင့်ရ Yiannis Artopios က ပြောကြားသည်။
အလားတူ တောမီးလောင်မှုကြောင့် ဩဂတ်စ် ၂၁ရက်နိအထိ အလယ်ပိုင်း ဘိုင်အိုချာဒေသနန့် အရှိမြောက်ပိုင်း အက်ဗ်ရော့စ် ဒေ သတွင် သီဆုံးနီသည့် အမျိုးသား ၂ယောက်၏ အလောင်းကို တွိဟိခပြီး မီးသတ် ၂ယောက်လေ့ မီးလောင် ဒဏ်ရာရဟိခသည်။
ပူပြင်းခြောက်သွိမှုနန့် လီပြင်းတိုက်ခတ်မှုကြောင့် ဂရိနိုင်ငံတဝန်း၌ တောမီးဒါဇင်ပေါင်းများစွာ ဆက်လက်လောင် ကျွမ်း လျှက်ဟိပြီး ဒေနိတွင် အရှိမြောက်ပိုင်းဟိ ဆိပ်ကမ်းမြို့ဖြစ်သည့် Alexandroupolis မြို့အနားကို လောင်ကျွမ်းနီရာ အနီးအနားဟိ ကျေးရွာနှစ်ရွာမှာ စာသင်ကျောင်းတကျောင်း၊ အိမ်အများအပြားနန့် သင်္ချိုင်းတခု ပျက်စီးခသည်။
ဒေသအာဏာပိုင်များက အဆိုပါကျေးရွာနှစ်ရွာမှ ဒေသခံများကို ဖီးလွှတ်ရာသို့ ရွှိပြောင်းရန် အမိန့်ထုတ်ပြန်ထားပြီး မီးသတ် သမား ၂၀၀ ကျော်နန့် လီယာဉ် ၄စီး၊ ဟယ်လီကော်ပတာ ၃စီးနန့် မီးငြိမ်းသတ်လျက်ဟိကြောင်း သိဟိရသည်။
Source – Greek forest fire kills 18 suspected asylum seekers in Dadia region
Photo – AP


