
APM ၊ သြဂတ်စ် ၂၂ / ၂၀၂၃
မန်စီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာသည် ခါးဒဏ်ရာခွဲစိတ်မှုခံယူနီရ၍ သျှက်ဖီးယူနိုက်တက်၊ ဖူလ်ဟမ်အသင်းရို့ဖြင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်တချို့ကို လွဲချော်မည်ဖြစ်ကြောင်း ပရီးမီးယားလိဂ်ကလပ်က ဒေနိ(သြဂတ်စ် ၂၂ ရက်) တွင် ပြောကြားသည်။
“မန်ချက်စတာစီးတီးနည်းပြ ဂွာဒီယိုလာသည် မကြာသိမ့်ခင်က ပြင်းထန်သည့် ခါးနာဝေဒနာကို အချိန်အကြာကြီး ခံစားခရပြီးနောက် လက်ဟိတွင် အရေးပေါ်ခွဲစိတ်မှုလုပ်ဖို့ ဘာစီလိုနာကို ထွက်ခွာလားသည်ဟု မန်စီးတီးအသင်းက ထုတ်ပြန်သည်။
ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီး သည် လကိဟိရာသီတွင် နှစ်ပွဲကဇတ်ပြီး ခြောက်မှတ်အပြည့်ဖြင့် ဒုတိယနီရာတွင် ရပ်တည်နီပြီး သြဂတ်စ် ၂၆ ရက်နိတွင် သျှက်ဖီးယူနိုက်တက်၊ စပ်တမ်ဘာ ၂ ရက်နိတွင် ဖူလ်ဟမ်အသင်းဖြင့် ယှဥ်ပြိုင်ရမည်ဖြစ်ကာ အဆိုပါပွဲစဉ်များအား ဂွာဒီယိုလာ၏ လက်ထောက်နည်းပြ လီယို က တာဝန်ယူပီးလားမည်ဟု သိရသည်။
Source- Guardiola to miss Man City’s next two games for health reasons
Photo- Reuters
