
APM၊ ဩဂတ် ၂၂/ ၂၀၂၃
ဒေနိ(ဩဂတ်စ် ၂၂ရက်)နိတွင် ပြုလုပ်ခသည့် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်ရွီးချယ်ပွဲတွင် ဖြူးထိုင်းပါတီမှ အိမ်ခြီမြီသူဌေးကြီး ဆရက်သာ ထာဗီဆင်သည် ထောက်ခံမဲအများဆုံးရကာ ဝန်ကြီးချုပ်သစ် ဖြစ်လားသည်။
ဖြူးထိုင်းပါတီ၏ ၁၁ ပါတီညွှန့်ပေါင်းအဖွဲ့ ကျောထောက်နောက်ခံပြု၍ ဝန်ကြီးချုပ်လောင်း ဆရက်သာ ထာဗီဆင်ကို ဝန်ကြီးချုပ်သစ်အဖြစ် မဲခွဲဆုံးဖြတ်ရာတွင် အထက်လွှတ်တော်နန့် အောက်လွှတ်တော် နှစ်ရပ်လုံးမှ လွှတ်တော်အမတ် အများစုက အတည်ပြု ထောက်ခံမဲပီးခကတ်ခြင်းဖြစ်သည်။
ဖြူးထိုင်းပါတီသည် ဝန်ကြီးချုပ်ရွီးချယ်ပွဲမလုပ်မီ ၁ ရက်အလို ဩဂတ်စ် ၂၁ ရက်နိက ၁၁ ပါတီပါဝင်သည့် ညွှန့်ပေါင်း အဖွဲ့ကို ကြေညာခပြီးနောက် အချိန်ကြာနီသည့် ဝန်ကြီးချုပ်သစ်ရွီးချယ်မှုကို အဆုံးသတ်ခခြင်းဖြစ်သည်။
အသက် ၆၀ အရွယ် ဆရက်သာ ထာဗီဆင်သည် နိုင်ငံ၏စီးပွားရီးကို ပြန်လည်အသက်သွင်းရန်နန့် ဝင်ငွေကွာဟမှုကို လျှော့ချမည်ဟု မူဝါဒချမှတ်ထားကြောင်းသိရသည်။
ဆရက်သာ ထာဗီဆင်သည် ထိုင်းနိုင်ငံ အိမ်ခြံမြီသူဌေးကြီးတယောက်ဖြစ်ပြီး Claremont Graduate University မှ ဘွဲ့ရဟိထားလူဖြစ်သည်။
တချိန်တည်းတွင် ဖြူးထိုင်းပါတီကိုတည်ထောင်ခသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သျှင်နာဝပ်ထရာသည် ပြည်ပတွင် ၁၅နှစ်ကြာ တိမ်းယှောင်နီရာမှ ဒေနိတွင် နိုင်ငံသို့ ပြည်တော်ပြန်ရောက်ဟိခရာ ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၈ နှစ် ချမှတ်ထားကြောင်း သိဟိရသည်။
Source – Srettha Thavisin elected Thailand PM as Thaksin returns from exile
Photo – Reuters
