
APM၊ ဩဂတ်စ် ၂၂/ ၂၀၂၃
တရုတ်သမ္မတ ချီကျင့်ဖျင်သည် (၁၅) ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတက်ရန်နန့် နိုင်ငံတော်ခရီးစဉ်အဖြစ် ဩဂတ်စ် ၂၁ရက်နိ၊ ညဇာပိုင်းက တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နာဘတ်စ်မြို့သို့ ရောက်ဟိခကြောင်း သိရသည်။
တရုတ်သမ္မတ ချီကျင့်ဖျင်အား တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာနန့် တခြားဝန်ကြီးများက ဂျိုဟန် နာဘတ်စ်မြို့ဟိ အိုအာတန်ဘို အပြည်ပြည်ဆိုင်ရာလီဆိပ်တွင် ကြိုဆိုခကတ်သည်။
တရုတ်သမ္မတ ချီကျင့်ဖျင်က တောင်အာဖရိကနိုင်ငံသို့ ထပ်မံလာရောက်လည်ပတ်ရသည့် အတွက် ဝမ်းမြောက်မိကြောင်း၊ သမ္မတ ရာမာဖိုဆာနန့် တရုတ်-တောင်အာဖရိက ဆက်ဆံရီးနန့် ဘုံဆက်စပ်သည့်ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ကာ ဆွေးနွေးလားနိုင်မည်ဟုမျှော်လင့်ထားကြောင်း ပြောကြားခသည်။
ယင်းအပြင် BRICS ယန္တရားသည် ကမ္ဘာ့စီးပွားရီးတိုးတက်မှု၊ ကမ္ဘာ့စီမံအုပ်ချုပ်မှုနန့် နိုင်ငံတကာဆက်ဆံရီးအတွက် အပြုဘဘော တွန်းအား တရပ်ဖြစ်လာပြီး BRICS ထိပ်သီးအစည်းအဝေးသည် အဆိုပါယန္တရား ဖွံဖြိုးတိုးတက်မှုတွင် အရေးပါသည့် သမိုင်းမှတ်တိုင် တခုဖြစ်လာမည်ဟု ဖြည့်စွက် ပြောဆိုခသည်။
တောင်အာဖရိကနိုင်ငံခရီးစဉ်၌ သမ္မတ ချီကျင့်ဖျင်နန့်တတူ တရုတ်ကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ အထွေထွေရီးရာရုံး အကြီးအကဲ ချိုက်ချီနန့် နိုင်ငံခြားရီးဝန်ကြီး ဝမ်ယိရို့လိုက်ပါလားကြောင်း သိဟိရသည်။
Source – South Africas Ramaphosa welcomes Chinas Xi ahead of BRICS summit
Photo – Xinhua
