
APM၊ ဩဂတ်စ် ၂၂ / ၂၀၂၃
ရက္ခိုင်ပြည်၏မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် ဒေလ(ဩဂတ်စ်လ)အတွင်း ခိုးဆိုးလုယက်သတ်ဖြတ်မှုများ ပိုမိုဖြစ်ပွားလာနီကြောင်းသိရသည်။
စစ်တွေမြို့တွင် သြဂတ်စ် ၂၀ ရက်နိက မိတ္တာရောင်ခြည်ဖောင်ဒေးသျှင်းက သွီးရှာပီးနီသည့် သွီးဖက်ဆိုင်ရာ တာဝန်ခံ၏ဆိုင်ကယ်အား အမည်မသိ လူ ၄ ဦးက ဓားထောက်ကာလုယက်မှုဖြစ်ပွားခသည်။
အလားတူ ဩဂတ်စ် ၁၈ ရက်၊ ညည် ၂ နာရီခန့်တွင်လည်း စစ်တွေမြို့၊ မင်းဘားကြီးလမ်းဟိ Dual Tech အသက်မွီးဝမ်းကျောင်းသင်တန်းကျောင်းမှ ဆိုင်ကယ်နှစ်စီး အခိုးခံခရကြောင်းသိရသည်။
ယင်းအပြင် ဩဂတ်စ် ၈ ရက်နိတွင် ပုတ်ပွနီသည့် အမည်မသိ အမျိုးသားအလောင်းတလောင်းအား မြီဆီအိတ် ဖြင့်ထုတ်ကာ စစ်တွေမြို့ ရူပမြောက်ရပ်ကွက်ဟိ ချောင်းအတွင်းတွိဟိခရသည်။
အလားတူ စစ်တွေမြို့တွင် ညည့်ဖက်အပြင် နိခင်းဖက်များတွင်လည်း အိမ်သားများ မဟိချိန်၌ ဝင်ရောက် ခိုးယူဖောက်ထွင်းမှုများ၊လူလားလူလာပြတ်သည့်လမ်းများတွင် ဒါးမြတိုက်လုယက်မှုများ နိတိုင်းပိုင်ဖြစ်ပွား လျက်ဟိနီကြောင်း ဒေသခံများပြောကြားချက်အရသိရသည်။
စစ်တွေမြို့သည် စစ်ကောင်စီ၏ ရုံးစိုက်ရာမြို့တော်ဖြစ်ပြီး အယင်က ဒါးမြတိုက်မှု၊လုယက်မှု၊ဖောက်ထွင်းမှုများနန့် သတ်ဖြတ်မှုများဟိကေလေ့ ဒေလအတွင်း ပိုမိုများလာနီ၍ ဒေသခံများမှာ စိုးရိမ်နီကတ်ရသည်။
