
APM ၊ ဂျူလိုင် ၂၂ / ၂၀၂၃
တရုတ်နိုင်ငံခြားရီးဝန်ကြီးချင်ဂန်းသည် လူမြင်ကွင်းမှ ပျောက်နီသည်မှာ သုံးပတ်ကြာဟိလာကေလေ့ ချင်ဂန်းကိစ္စနန့် ပတ်သက်၍ သတင်းစကားပြောကြားစရာမဟိသိမ့်ကြောင်း တရုတ်နိုင်ငံခြားရီးဝန်ကြီးဌာနက ဂျူလိုင် ၂၀ ရက်နိ တွင် ထုတ်ပြန်ထားသည်။
အင်ဒိုနီးသျှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ဂျူလိုင် ၁၁ ရက်နိမှ ၁၂ ရက်အထိ ပြုလုပ်ကျင်းပခသည့် အာဆီယံနိုင်ငံခြားရီး ဝန်ကြီးအစည်းအဝေးသို့ တရုတ်နိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ချင်ဂန်းတက်ရောက်မည်ဟုကြေညာခကေလေ့ ကျန်းမာရီး အကြောင်း ပြချက်ဖြင့် တခြားထိပ်သီးသံတမန်တယောက်ဖြစ်သည့် ဝမ်ယိအား စီလွှတ်ခသည်။
နိုင်ငံခြားရီးဝန်ကြီးချင်ဂန်းသည် ကုန်ခသည့် ဂျုန် ၂၅ ရက်နိက ရုသျှ၊ သီရိလင်္ကာ၊ ဗီယက်နမ် အရာဟိများနန့် ဘေကျင်းတွင် တွိဆုံဆွေးနွေးခပြီးနောက်ပိုင်းမှစ၍ လူမြင်ကွင်းမှ ပျောက်ဆုံးလားခြင်းဖြစ်သည်။
ဂျူလိုင် ၂၀ရက်နိက နိုင်ငံခြားရီးဝန်ကြီးဌာန၏သတင်းစာယှင်းလင်းပွဲ၌ သတင်းထောက်များက ၎င်းနန့် ပတ်သက်၍ မိန်း ခွန်းများ မိန်းမြန်းကတ်ရာတွင်လေ့ ချင်ဂန်းပျောက်ဆုံးနီမှုနန့်ပတ်သက်သည့်မိန်းခွန်းအား ဖြေညကားရန် ငြင်းဆိုခသည်။
နိုင်ငံခြားရီးဝန်ကြီးချင်ဂန်းပျောက်ဆုံးနီခြင်းသည် သံတမန်များနန့်လေ့လာစောင့်ကြည့်သူများအကြား သံသယများမြင့် တက်လာခပြီး ဘေကျင်းတွင် ညီညွတ်မှု၊ တည်ငြိမ်မှု၊ ယုံကြည်စိတ်ချရမှုရို့အပေါ် မသေချာမှုနန့် ရှုပ်ထွီးမှုများ ဖြစ်ပေါ်စီ ကြောင်း China Program ၏ ဒါရိုက်တာ ယန်ဆန်က ပြောကြားသည်။
ယင်းအပြင် ချင်ဂန်းပျောက်ဆုံးနီမှုကြောင့် ဗြိန်တိန်နိုင်ငံမှ တရုတ်နိုင်ငံသို့ လာရောက်မည့် ဗြိန်တိန်ထိပ်တန်းသံတမန် ဂျိုးဆက် ဘိုရဲလ်၏ ခရီးစဉ်ကိုလေ့ ရက်သတ်မှတ်၍ မရဖြစ်နီသည်ဟု ဗြိတိန်က ဆိုသည်။
တရုတ်နိုင်ငံရီးတွင် ကြယ်ပွင့်တပွင့်အဖြစ် သတ်မှတ်ခံထားရသည့် နိုင်ငံခြားရီးဝန်ကြီးချင်ဂန်းသည် သမ္မတ ချီကျင့်ဖျင်၏ လက်ထောက်ဟောင်းတယောက်ဖြစ်ပြီး အမေရိကန်နိုင်ငံဆိုင်ရာတရုတ် သံအမတ် ကြီးအဖြစ် ၂ နှစ်လောက် တာဝန် ထမ်း ဆောင်ပြီးနောက် ဒီဇင်ဘာလတွင် နိုင်ငံခြားရီးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခရသူဖြစ်သည်။
Source – Still ‘no information’ on absence of foreign minister Qin Gang from public eye, says China/ WION
Photo- AFP
