
APM ၊ ဂျူလိုင် ၂၂ / ၂၀၂၃
မြောက်ဦးမြို့နယ်တွင် ဂျူလိုင် ၂၁ ရက်နိ၊ ညည့်က မီးလောင်မှုဖြစ်ကာ အိမ် ၂ လုံး ပြာကျလားကြောင်း သိရသည်။
မီးလောင်လားသည့်အိမ်မှာ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်အုပ်စု၊ မြိုချောင်းရွာက ဦးကျော်စိန်(၆၅ နှစ်)၏ နီအိမ်နန့် ဒေါ်မဲခိုင်(၆၂နှစ်)၏ နီအိမ်ဖြစ် သည်။
ဖြစ်စဥ်မှာ ဂျူလိုင် ၂၁ ရက်နိ၊ ညည့် ၉ နာရီကျော်က ဦးကျော်စိန်နီအိမ်အတွင်း ဝါးတုတ်ပြုတ်ရာမှ မတော်တဆ မီးစတင် လောင်ကျွမ်းခခြင်းဖြစ်ပြီး ယင်းမှဆင့် ဘေးနားဟိ ဒေါ်မဲခိုင်၏ အိမ်သို့ပါ မီးကူးစက်လောင်ကျွမ်းလားခသည်။
မီးလောင်မှုကြောင့် နီအိမ် ၂ အိမ်လုံးပြာကျလားသည့်အပြင် ဟိဟိသမျှ ပိုင်ဆိုင်မှုများအားလုံး တခုမကျန်မီးထဲပါလား၍ မိသားစု ၂ စု ပေါင်း လူ ၉ ယောက်မှာ အဝတ်တထည်ကိုယ်တလုံးဖြင့် အရေးပေါ် အကူအညီများ အပူတပြင်း လိုအပ်လျက် ဟိသည်။
လက်ဟိတွင် မီးဖီးသင့်မိသားစု ၂ စုအ တွက် ရပ်သူရွာသားများက ယာယီ တဲအိမ်ဆောက်လုပ်ပီးထားပြီး အဆိုပါ မိသားစု များအတွက် ထောက်ပံ့ကူညီလိုပါကဖုန်း-09676862112 ကိုဆက်သွယ်ကူညီနိုင်ကြောင်း သိရသည်။


