APM၊ ဂျူလိုင် ၂၂ / ၂၀၂၃
အွန်လိုင်းမှ ဈီးရောင်းလျှင် မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံမတင်ဘဲ ဈီးရောင်းပါက အရေးကြီးကုန်စည်နန့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခြင်းခံရမည်ဟု ဂျူလိုင် ၂၁ ရက်နိတွင် စစ်ကောင်စီ၏ စီးပွားရီးနန့် ကူးသန်းရောင်းဝယ်ရီး ဝန်ကြီး ဌာနက ထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်တွင် အွန်လိုင်းမှဈီးရောင်းလိုသူများသည် ကိုယ်ပိုင်နာမည်သတ်မှတ်ချက်နန့် တရားဝင် ဝက်ဆိုဒ်၊ အွန်လိုင်းမှ ဈီးရောင်းချမည့် နီရာအပြည့်အစုံဖြင့် အွန်လိုင်းမှတဆင့် မှတ်ပုံတင်လျှောက်ထားရမည်ဟု ဆိုသည်။
ယင်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရီးမှူး၏ ထောက်ခံချက်၊ ရောင်းချမည့် ကုန်စည်၏ အချက်အလက်နန့် အာမခံချက်၊ ကုန်စည်ကို ဇာသည့်နိုင်ငံက ထုတ်လုပ်တင်သွင်းကြောင်း အချက်အလက်များကိုပါ တပါတည်းတင်သွင်းရဖြစ်သည်။
မှတ်ပုံတင်လျှောက်ထားသူများအား လိုအပ်ပါက မြီပြင်ကွင်းဆင်း၍ အချက်အလက်များကို စိစစ်လားမည်ဖြစ်ပြီး သတ်မှတ်ချက်များနန့်ကိုက်ညီပါက မှတ်ပုံတင်ကြေးနန့် အွန်လိုင်းဝန်ဆောင်ခရို့ကို ပီးဆောင်ရမည်ဖြစ်ကာ မှတ်ပုံ တင်လက်မှတ် ထုတ်ပီးလားမည်ဟု ဆိုသည်။
အွန်းလိုင်းမှဈီးရောင်းသူသည် နိုင်ငံရီးကို ရည်ရွယ်၍ ဆူပူအောင်လှုံ့ဆော်ခြင်း၊ အကြမ်းဖက်မှုများကို အားပီးစည်းရုံးခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းများကို ယှောင်ကြဉ်ရမည်ဟု ဖော်ပြထားသည်။
အကယ်တန္တိ မှတ်ပုံတင်လက်မှတ်မဟိဘဲ အွန်လိုင်းက ဈီးရောင်းမည်ဆိုလျှင် ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၂၁ ရက် နောက်ပိုင်း မှစ၍ အရေးကြီးကုန်စည်နန့် ဝန်ဆောင်မှု ဥပေဒအရ ထောင် ၆ လမှ ၃ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။
Photo စီးပွားရီးနန့် ကူးသန်းရောင်းဝယ်ရီးဝန်ကြီးဌာန