APM၊ ဂျုန် ၂၂/၂၀၂၂
ဒေနိ(ဂျုန် ၂၂ ရက်နိ) မိုးထပိုင်းမှစ၍ စစ်ကောင်စီတပ်က မြောက်ဦးမြို့ကိုပိတ်ဆို့လျက် မြို့ထဲသို့ စီးနင်းဝင်ရောက် ဖမ်းဆီးနီရာ ကျောင်းသား များအပါအဝင် ဒေသခံ ၃၀ ကျော် အဖမ်းခံထားရသည်ဟု သတင်းရဟိပါသည်။
စစ်ကောင်စီတပ်သည် အလယ်ဈီးခွဆုံ၊ ငွေတောင်ပေါက်၊ မင်းသားကျွန်း နာရီးရုံးနား၊ မြင်းခုံတန်း၊ ရွှေဂူတောင် စသည့်နီရာများနန့် မြောက်ဦးမြို့ ဝင်ပေါက်၊ ထွက်ပေါက် အားလုံးကို ပိတ်ဆို့ပြီး ဒေသခံများကို ဖမ်းဆီးကာ အချုပ် ကားနန့် တင်ယူလားခကြောင်း မြောက်ဦးမြို့ခံတယောက်က ပြောသည်။
“မြို့ဝင်ပေါက်၊ထွက်ပေါက်တိကို ပိတ်ပျာ ဖမ်းနီစွာပါ။ မြို့ထဲမှာလေ့ ဖမ်းနီပါရေ။ အဖမ်းခံရစွာ နှစ်ဆယ်သုံးဆယ်လောက်ဟိ ရေ။ကျောင်းသားတိလေ့ပါပါရေ။ ဖမ်းထားရေလူတိကို အချုပ်ကားနန့် တင်ယူလားရေ။ ဇာသို့ခေါ်လားမှန်းတော့မသိပါ” ဟု သူက ဆိုသည်။
လက်ဟိအချိန်ထိ မြောက်ဦးမှာ စာသင်ကျောင်းများကိုပိတ်၍ တင်းတင်းကျပ်ကျပ် စစ်ဆီးမှုများဟိနီပြီး လမ်းများ၌ လူလား လူလာ မဟိဘဲ တိတ်ဆိတ်ငြိမ်သက်နီသည်ဟု ဒေသခံများက ပြောသည်။
မြောက်ဦးနည်းတူ ဒေနိခါ မင်းပြားမြို့မှာလေ့ စစ်ကောင်စီတပ်က မြို့ကိုဝင်စီးပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနီသည်ဟု သိရသည်။
ယင်းအပြင် ဂျုန် ၂၁ ရက်နိ မိုးထကလေ့ စစ်ကောင်စီတပ်သည် ကျောက်တော်မြို့အဝင်အထွက်လမ်းများကို တင်းတင်း ကျပ်ကျပ်ပိတ်ဆို့ပြီး မြို့ထဲသို့ အချုပ်ကား ၁ စီး၊ စစ်ကောင်စီကား ၂ စီးနန့် လှည့်လည်လျက် လူမှုရီးတက်ကြွလှုပ်ယှားသူ ကိုဇော်ဝင်း(လူထုဇော်ဝင်း)နန့် အမျိုးသမီး ၄ ယောက် အပါအဝင် မြို့ခံ ၃၀ ထက်မနည်း ဖမ်းယူလားခကြောင်း သိရသည်။
ယင်းဖမ်းဆီးခံရသူများထဲမှ အမျိုးသမီး ၄ ယောက်ကို ဂျုန် ၂၁ ရက်နိညဇာက ပြန်လွှတ်ပီးလိုက်ကေလေ့ ကိုဇော်ဝင်း နန့် ကျန်လူများမှာ လက်ဟိအချိန်ထိ ပြန်လွတ်လာခြင်းမဟိသိမ့်ဟု ဒေသခံများက ပြောသည်။
ယင်းနည်းတူ ဂျုန် ၁၆ ရက်နိကလေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့ကို ပိတ်ဆို့၍ ဖမ်းဆီးမှုများ ပြုလုပ်ခရာ ဒေသခံ ၄၀ ကျော် ဖမ်းဆီးခံခရသိမ့်သည်။
လက်ဟိရက္ခိုင်ပြည်တွင် စစ်ကောင်စီတပ်သည် လူဖမ်းပွဲများကို အင်တိုက်အားတိုက်ကျင်းပလျက်ဟိရာ ၅ ရက် အတွင်း သံတွဲ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အစဟိသော ရက္ခိုင်ပြည်မြို့နယ် တချို့မှအပြစ်မဲ့ပြည်သူ (၁၀၀) ကျော်ကို ဖမ်းဆီးထားပြီး၊ နောက်ထပ်လေ့ ကျန်မြို့နယ်များအပါအဝင် ရက္ခိုင်တပြည်လုံး၌ အကြမ်းပတမ်း ဆက်ဖမ်းလာနိုင်သည်ဟု ဒေသခံများက ပြောဆိုနီကတ်ပါသည်။
(Zawgyi)
စစ္ေကာင္စီတပ္က ေျမာက္ဦးကိုပိတ္ဆို႔၍ ေက်ာင္းသားမ်ားအပါအဝင္ ေဒသခံ ၃၀ ေက်ာ္ ဖမ္းဆီးထား
APM၊ ဂ်ဳန္ ၂၂/၂၀၂၂
ေဒနိ( ဂ်ဳန္ ၂၂ ရက္နိ) မိုးထပိုင္းမွစ၍ စစ္ေကာင္စီတပ္က ေျမာက္ဦးၿမိဳ႕ကိုပိတ္ဆို႔လ်က္ ၿမိဳ႕ထဲသို႔ စီးနင္းဝင္ေရာက္ ဖမ္းဆီးနီရာ ေက်ာင္းသားမ်ားအပါအဝင္ ေဒသခံ ၃၀ ေက်ာ္ အဖမ္းခံထားရသည္ဟု သတင္းရဟိပါသည္။
စစ္ေကာင္စီတပ္သည္ အလယ္ဈီးခြဆုံ၊ ေငြေတာင္ေပါက္၊ မင္းသားကြၽန္း နာရီး႐ုံးနား၊ ျမင္းခုံတန္း၊ ေ႐ႊဂူေတာင္ စသည့္နီရာမ်ားနန႔္ ေျမာက္ဦးၿမိဳ႕ ဝင္ေပါက္၊ ထြက္ေပါက္ အားလုံးကို ပိတ္ဆို႔ၿပီး ေဒသခံမ်ားကို ဖမ္းဆီးကာ အခ်ဳပ္ ကားနန႔္ တင္ယူလားခေၾကာင္း ေျမာက္ဦးၿမိဳ႕ခံတေယာက္က ေျပာသည္။
“ၿမိဳ႕ဝင္ေပါက္၊ထြက္ေပါက္တိကို ပိတ္ပ်ာ ဖမ္းနီစြာပါ။ ၿမိဳ႕ထဲမွာေလ့ ဖမ္းနီပါေရ။ အဖမ္းခံရစြာ ႏွစ္ဆယ္ သုံးဆယ္ ေလာက္ဟိေရ။ေက်ာင္းသားတိေလ့ ပါပါေရ။ ဖမ္းထားေရလူတိကို အခ်ဳပ္ကားနန႔္ တင္ယူလားေရ။ ဇာသို႔ေခၚလား မွန္းေတာ့ မသိပါ “ဟု သူက ဆိုသည္။
လက္ဟိ အခ်ိန္ထိ ေျမာက္ဦးမွာ စာသင္ေက်ာင္းမ်ားကိုပိတ္၍ တင္းတင္းက်ပ္က်ပ္ စစ္ဆီးမႈမ်ားဟိနီၿပီး လမ္းမ်ား၌ လူလားလူလာ မဟိဘဲ တိတ္ဆိတ္ၿငိမ္သက္နီသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေျမာက္ဦးနည္းတူ ေဒနိခါ မင္းျပားၿမိဳ႕မွာေလ့ စစ္ေကာင္စီတပ္က ၿမိဳ႕ကိုဝင္စီးၿပီး အျပစ္မဲ့ျပည္သူတိကို ဖမ္းဆီးနီ သည္ဟု သိရသည္။
ယင္းအျပင္ ဂ်ဳန္ ၂၁ ရက္နိ မိုးထကေလ့ စစ္ေကာင္စီတပ္သည္ ေက်ာက္ေတာ္ၿမိဳ႕အဝင္အထြက္လမ္းမ်ားကို တင္းတင္း က်ပ္က်ပ္ပိတ္ဆို႔ၿပီး ၿမိဳ႕ထဲသို႔ အခ်ဳပ္ကား ၁ စီး၊ စစ္ေကာင္စီကား ၂ စီးနန႔္ လွည့္လည္လ်က္ လူမႈရီးတက္ႂကြလႈပ္ယွားသူ ကိုေဇာ္ဝင္း(လူထုေဇာ္ဝင္း)နန႔္ အမ်ိဳးသမီး ၄ ေယာက္ အပါအဝင္ ၿမိဳ႕ခံ ၃၀ ထက္မနည္း ဖမ္းယူလားခေၾကာင္း သိရသည္။
ယင္းဖမ္းဆီးခံရသူမ်ားထဲမွ အမ်ိဳးသမီး ၄ေယာက္ကို ဂ်ဳန္ ၂၁ ရက္နိညဇာက ျပန္လြတ္ပီးလိုက္ေကေလ့ ကိုေဇာ္ဝင္း နန႔္ က်န္လူမ်ားမွာ လက္ဟိအခ်ိန္ထိ ျပန္လြတ္လာျခင္းမဟိသိမ့္ဟု ေဒသခံမ်ားက ေျပာသည္။
ယင္းနည္းတူ ဂ်ဳန္ ၁၆ ရက္နိကေလ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ပုဏၰားကြၽန္းၿမိဳ႕ကို ပိတ္ဆို႔၍ ဖမ္းဆီးမႈမ်ား ျပဳလုပ္ခရာ ေဒသခံ ၄၀ ေက်ာ္ ဖမ္းဆီးခံခရသိမ့္သည္။
လက္ဟိရကၡိဳင္ျပည္တြင္ စစ္ေကာင္စီတပ္သည္ လူဖမ္းပြဲမ်ားကို အင္တိုက္အားတိုက္က်င္းပလ်က္ဟိရာ ၅ ရက္ အတြင္း သံတြဲ၊ ေက်ာက္ျဖဴ၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား အစဟိေသာ ရကၡိဳင္ျပည္ၿမိဳ႕နယ္ တခ်ိဳ႕မွအျပစ္မဲ့ျပည္သူ (၁၀၀) ေက်ာ္ကို ဖမ္းဆီးထားၿပီး၊ ေနာက္ထပ္ေလ့ က်န္ၿမိဳ႕နယ္မ်ားအပါအဝင္ ရကၡိဳင္ တျပည္လုံး၌ အၾကမ္းပတမ္း ဆက္ဖမ္းလာႏိုင္သည္ဟု ေဒသခံမ်ားက ေျပာဆိုနီကတ္ပါသည္။