
APM ၊ မေ ၂၂/၂၀၂၄
မေ ၂၁ ရက်နိ၊ ညဇာက ပလက်ဝဒေသ၊အထက်တရွန်အိုင်ရွာကို စစ်ကောင်စီဂျက်ဖိုင်တာတစီး (၃)ကြိမ်တိုင်တိုင် ဗုံးကြဲပစ်ခတ်လို့၊ ခူမီးနန့် ရက္ခိုင်ပါဝင်ရေ ဒေသခံအပြစ်မဲ့ ပြည်သူ၅ယောက်သီဆုံးလားခပြီးကေ၊ အချေ ၃ ယောက်အပါအဝင် ၁၀ ယောက် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရဟိလားရေလို့ သိရပါရေ။
သီဆုံးလားခလူတိစွာ ပလက်ဝဒေသ၊အထက်ဘလိုင်ရွာက ခူမီးလူမျိုးတိဖြစ်တေ ဦးမောင်သိန်းနိုင်(၃၁နှစ်)၊ဦးအောင်ထွန်း(၆၇နှစ်)၊နန့် အထက်တရွန်အိုင်ရွာက ရက္ခိုင်လူမျိုးတိဖြစ်တေ မစန္ဒာ( ၁၇ နှစ်)၊ ဒေါ်လှခိုင်ဦး(၄၇ နှစ်)၊ဦးအောင်ကျော်ညွှန့်(၃၃ နှစ်) ရို့ဖြစ်ကတ်ပါရေ။
ဒဏ်ရာရဟိလားရေ လူတိကတော့ ပလက်ဝဒေသ၊အထက်တရွန်အိုင်ရွာက မောင်ဒီဖြိုး( ၁၂ နှစ်)၊မောင်မြတ်သူကျော်( ၁၂ နှစ်)၊ ဦးအောင်မြတ်ဦး၊ဒေါ်ဦးမြနု၊ကိုဒီမိုထွန်း၊ဒေါ်သိန်းရွှီဦး၊ စက်ပစ်ပြင်ရွာက ကိုထွန်းလင်း၊ပြင်ဒိုင်းရွာက အောင်ဟွေ့ထွန်း(၁၆ နှစ်) ၊အထက်ဘလိုင်ရွာက ဦးကျော်လှနန့် မြောက်ဦးမြို့နယ်၊နကန်ရွာက ဦးကျော်စိုးရို့ ဖြစ်ကတ်ပါရေ။
မေ ၂၁ရက်နိက စစ်ကောင်စီတပ်ဂျက်ဖိုင်တစီးစွာ ပလက်ဝဒေသ၊အထက်တရွန်အိုင်ရွာကို ညဇာ၄နာရီ၄၆ မိနစ်မာ တကြိမ်၊၄နာရီ ၅၂မိနစ်မာ တကြိမ်၊၅ နာရီမာတကြိမ်၊ (၃)ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခပါရေ။
ယင်းသို့ ပစ်ခတ်ခရေအတွက် အပြစ်မဲ့ပြည်သူ ၅ယောက် သီဆုံးလားခပနာ အချေ ၃ယောက်အပါအဝင် ခူမီးလူမျိုးများနန့် ရက္ခိုင်လူမျိုးများပါဝင်ရေ ဒေသခံပြည်သူ ၁၀ ယောက်ထိခိုက်ဒဏ်ရာရဟိလားပြီးကေယင်းအထဲက ပြည်သူ ၈ ယောက်စွာ အလွန်ပြင်းထန်ဒဏ်ရာ ရဟိလားရေလို့ သိရပါရေ။
ယင်းအပြင် အဆိုပါတိုက်ခိုက်မှုကြောင့်လူနီအိမ်(၁)ဆောင်နန့် ဈီးဆိုင် (၁)ဆိုင်မာလည်း မီးလောင်ပျက်စီးလားခပါသိမ့်ရေ။























