
(ဘုန်းကြီးကျောင်းနန့်လူနီအိမ် ၆ ဆောင်ပျက်စီး)
APM ၊ မေ ၂၂/၂၀၂၄
ဒေနိ၊မေ ၂၂ ရက်နိ၊စောစောက စစ်ကောင်စီဂျက်ဖိုက်တာတစီးစွာ မင်းပြားမြို့နယ်၊ခေါင်းလောင်းရွာဟောင်းကိုရည်ရွယ်ချက်ဟိဟိ ဗုံးကြဲတိုက်ခိုက်ရာ ရဟန်းတော်တပါးနန့်စစ်ဖီးယှောင် ပြည်သူ ၈ ယောက်ထိခိုက်ဒဏ်ရာ ရလားရေလို့ သိရပါရေ။
ဒဏ်ရာရလားစွာကတော့ မင်းပြားမြို့နယ်၊ခေါင်းလောင်းရွာဟောင်းက အသျှင်ဉာဏစက္က (သက်တော် ၈၃ နှစ်)၊ကျွန်းညိုရွာကနီ ခေါင်းလောင်းရွာဟောင်းမာ စစ်ဖီးယှောင်နီရေ ဒေါ်သိန်းသိန်း( ၆၆ နှစ်)၊ ဒေါ်ငြိမ်းငြိမ်းဝေ (၃၅ နှစ်)၊ဦးကျော်လင်းဦး(၃၈ နှစ်)၊ ဒေါ်မထွီး( ၅၃ နှစ်)၊ကို ငြိမ်းချမ်း( ၂၃ နှစ်)၊ကိုလပြည့် (၂၃ နှစ်)၊မင်းပြားမြို့၊ဥက္ကာပျံရပ်ကွက်က ဦးဇော်မင်းလတ်( ၄၁ နှစ်)နန့်အဝီးဗြီးကားကွင်းက ဦးတင်ထွန်း (၅၃ နှစ်)ရို့ ဖြစ်ကတ်ပါရေ။
ဖြစ်စဉ်မာ ဒေနိ၊စောစော ၁၂ နာရီ ၁၅ မိနစ်က စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစီးစွာ မင်းပြားမြို့နယ်၊ခေါင်းလောင်းရွာဟောင်းကို ရည်ရွယ်ချက်ဟိဟိ ဗုံးကြဲ တိုက်ခိုက်ခပါရေ။
ယင်းသို့ပစ်ခတ်လိုက်တေ ဗုံးသီးတိစွာ ခေါင်းလောင်းရွာဟောင်းဘုန်းကြီးကျောင်းနန့် အဝီးဗြီးကားဂိတ်အနားမာ ကျရောက်ပေါက်ကွဲခလို့ ကျောင်းမာသီတင်းသုံးနီထိုင်ရေ ရဟန်းတော်တပါးနန့် ရွာကို စစ်ဖီးယှောင်ရောက်နီရေ ပြည်သူ၈ ယောက် ထိခိုက်ဒဏ်ရာရလားရေလို့ ဒေသခံတိက ပြောပါရေ။
ယင်းအပြင် ဘုန်းကြီးကျောင်းနန့်လူနီအိမ် (၆)ဆောင်အပါအဝင် ကားဂိတ်အနားဟိ အဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးလားရေလို့ သိဟိရပါရေ။










