
(မေ ၁၅ ရက်နိ မှ ၂၁ ရက်နိ အထိ)
၁။ ၁၅ – ၅ – ၂၀၂၃ (တလင်းလာ)
မုန်တိုင်းသင့် အာရက္ခပြည်သူများအတွက် အရေးတကြီး ချက်ချင်း လိုအပ်နီသော အရေးပေါ် အကူအညီများကို အယင်ဆုံး ကူညီဆောင်ရွက်ပီးကတ်ပါရန် နိုင်ငံတကာသို့ ULA တောင်းဆိုလိုက် သည်။
၂။ ၁၆ – ၅ – ၂၀၂၃ (အင်္ဂါ)
(၁) မုန်တိုင်းမတိုက်ခင် ဟိသမျှအင်အားကို အသုံးပြု၍ ကြိုတင်ပြင်ဆင်ထားမှုများကြောင့် အသက်ပေါင်း များစွာကို ကယ်တင်နိုင်ခ ခြင်းဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က MOCHA ဆိုင်ကလုန်း မုန်းတိုင်း နောက်ဆက်တွဲအရေးပေါ် အခြေအနီနန့် ပတ် သက်၍ မေ ၁၆ ရက်နိတွင် အာရက္ခ ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခသည်။
(၂) ရက္ခိုင်တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနီပြီး ယင်းမိုးတိမ်တောင်များရွိလျားရာတလျှောက်၌ မိုးရွာသွန်း ခြင်းနန့်အတူ လီပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနန့် မိုးသီးကြွီခြင်းစသည့် မိုးလီဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလီဝသနန့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ)က မေ ၁၆ ရက်နိတွင် ထုတ်ပြန်သည်။
၃။ ၁၇ – ၅ – ၂၀၂၃ (ဗုဒ္ဓဟူး)
(၁) ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နိတွင် ရက္ခိုင်တပြည်လုံးကို ဖြတ်သန်းတိုက်ခတ်ခသော ဖျက်အားပြင်း Mocha ဆိုင်က လုန်းမုန်တိုင်းကြောင့် ပျက်စီးလားခရသည့် အာရက္ခပြည်သူများ၏နီအိမ်များကို ပြန်ဆောက်၊ ပြုပျင်၊ အိမ်မိုးရာတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA တပ်ဖွဲ့ဝင်များက နိမအား ညည့်မနား အင်တိုက်အားတိုက် ပါဝင် ကူညီဆောင်ရွက်လျက်ဟိသည်။
(၂) Mocha ဆိုင်ကလုန်းမုန်တိုင်းသင့် အာရက္ခပြည်သူများအ တွက် “အရေးပေါ်ကယ်ဆယ်ရီး နန့် ပြန်လည် နီရာချထားရီး ကော်မတီ”တရပ်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က မေ ၁၇ ရက်နိတွင် ဖွဲ့စည်း လိုက်သည်။
၄။ ၁၈ – ၅ – ၂၀၂၃ (ကြာသပတီး)
(၁) Mocha ဆိုင်ကလုန်မုန်တိုင်း နောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရီးလုပ်ငန်းများတွင်အသုံးပြုရန် လူသား ချင်းစာ နာထောက်ထားမှုဖြင့်ကချင်လွတ်လပ်ရီးအဖွဲ့ KIOမှ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA သို့ ကျပ်သိန်း ၃၀၀၀ လှူ ဒါန်းသည်။
(၂) Mocha ဆိုင်ကလုန်မုန်တိုင်း နောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရီးလုပ်ငန်းများတွင်အသုံးပြုရန် လူသား
ချင်းစာနာထောက်ထားမှုဖြင့် မြန်မာနိုင်ငံအမှန်တရားနန့်တရားမျှတသောအမျိုးသားပါတီ/မြန်မာအမျိုးသားဒီမို
ကရက်တစ်တပ်မတော် MNTJP/MNDAAမှ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ် ULA သို့ ကျပ်သိန်း၁၀၀၀ လှူဒါန်းသည်။
(၃) Mocha ဆိုင်ကလုန်မုန်တိုင်းနောက်ဆက်တွဲအရေးပေါ် ကူညီကယ်ဆယ်ရီး လုပ်ငန်းများ၌ အသုံးပြုရန် လူသာချင်းစာနာ ထောက်ထားမှုဖြင့် အမျိုးသားညီညွတ်ရီးအစိုးရ NUG မှ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA သို့ ကျပ် သိန်း ၁၀၀၀ လှူဒါန်း သည်။
(၄) ကုန်ခသည့် မေ ၁၄ ရက်နိက ဝင်ရောက်တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒေသခံ ပြည်သူများ သောက်သုံးနီ သည့် ရီတွင်းနီကန်များအားလုံး ပင်လယ်ရီဝင်ရောက်လား၍ ပေါက်တောမြို့နယ်၊ ငပြီကျွန်းက မုန်တိုင်း ဒဏ်သင့်ပြည် သူများမှာ လက်ဟိ၌ သောက်သုံးရီ အရေးတကြီး လိုအပ်နီကြောင်း သိရသည်။
(၅) မုန်တိုင်းကြောင့် အဆောက်အအုံ အများအပြား ပျက်စီးလားပြီးနောက်ရက္ခိုင်ပြည်၊ မြိုနယ်အသီးသီး၌ ဆောက်လုပ်ရီးပစ္စည်းများ အပါအဝင် ကုန်ဈီးနှုန်းများအဆမတန် မြင့်တက်နီသည်။
၅။ ၁၉ – ၅ – ၂၀၂၃ (သောကြာ)
(၁) မုန်တိုင်းကြောင့် ရပ်ထားရသည့် ရက္ခိုင်ပြည်တွင်း/ပြည်ပ ရီကြောင်း၊လီကြောင်းခရီးစဉ်များကို လက်ဟိ၌ ပုံမှန် ပြည်လည် ဗြီးဆွဲနီသည်။
(၂) Mocha မုန်းတိုင်းဝင်ရောက်တိုက်ခတ်ခသည့် ရက္ခိုင်ဟိ ကမ္ဘောဇဘဏ်များတွင် မေ ၁၇ ရက်နိကစ၍ ဂျုန် ၃၀ ရက်နိ အထိ ငွေလွှဲခ၊ ငွေထုတ်ခများကို အခကြေးငွေ ပီးစရာမလိုဘဲ အခမဲ့ဝန်ဆောင်မှုရဟိမည်ဟု ကမ္ဘောဇ ဘဏ်က ထုတ်ပြန်ကြေ ညာထားသည်။
(၃) မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ် ဒုံးပိုက်၊ ဆင်ပိုက်၊ ချိန်ကလိန်၊ ကိုးတန်ကောက်စသည် ကျေးရွာ များအနား၌ ကျွဲ၊ နွား အကောင်ရေ ထောင်ချီ သီဆုံးလျက် တွိရသည်။
(၄) Mocha ဆိုင်ကလုန်မုန်တိုင်းနောက်ဆက်တွဲအရေးပေါ် ကူ ညီကယ်ဆယ်ရီးလုပ်ငန်းများ၌ အသုံးပြုရန် လူသားချင်း စာနာထောက်ထားမှုဖြင့် ပလောင်ပြည်နယ်လွတ်မြောက် ရီးတပ်ဦး / တအာင်းအမျိုးသား လွတ် မြောက်ရီး တပ်မတော် (PSLF/TNLA)မှ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA သို့ ကျပ်သိန်း ၅၀၀ လှူဒါန်းသည်။
(၅) Mocha ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ် ကယ်ဆယ်ရီး နန့် ပြန်လည်နီရာချထားရီး ကော်မတီ – Cyclone Mocha Emergency Rescue and Rehabilitation Committee For Arakan (Cyclone Mocha ERRCA)မှ မုန်တိုင်းဒဏ်သင့်အာရက္ခပြည်သူများ (အရေးတကြီး) ချက်ချင်း လိုအပ်နီသော လတ်တလော အရေးပေါ်လိုအပ်ချက်များ နန့်အတူ ပြည်သူများအမိုးအကာအောက်သို့ အယင်ဆုံး ရောက်နိုင်ရီးအတွက် လှူဒါန်း ပါဝင်ကတ်ရန် ပြည်တွင်း/ပြည်ပဟိ မိတ်ဆွေများထံသို့ မေ ၁၉ ရက်နိတွင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ညိုထွန်း အောင် ကိုယ်တိုင် လက်မှတ်ရွီးထိုးလျက် တိုက်တွန်းစာတစောင်ထုတ်ပြန်ပီးပို့ လိုက်သည်။
(၆) Mochaဆိုင်ကလုန်း မုန်တိုင်းကြောင့် နီအိမ်အများအပြား ပျက်စီးဆုံးယှုံးခရသည့် မုန်တိုင်းဒဏ်သင့် ရက္ခိုင်ပြည်သူ များအတွက် လက်ဟိ၌ သောက်သုံးရီနန့်အမိုးအကာများ အရေးပေါ် လိုအပ်နီသည်။
၆။ ၂၀ – ၅ – ၂၀၂၃ (စနီ)
မေ ၁၄ ရက်နိက Mocha ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခပြီး ရီကြီး ရာမှ စစ်တွေမြိုရပ်ကွက်တချိုဟိ ရီတွင်း၊ ရီကန်များတွင် ဆားငံရီ ဝင်ရောက် လား၍ သန့်ယှင်းမှုမဟိဘဲ နောက်ကျိလားခရပြီး ယင်းရီကိုသောက် သုံးရာမှ စစ်တွေမြို့ ပေါ်ရပ်ကွက်တချို့၌ ဒေရက် ပိုင်းအတွင်း ဝမ်းရောဂါဖြစ်ပွားမှု များဟိလာနီသည်။
၇။ ၂၁ – ၅ – ၂၀၂၃ (တလင်းဂနီ)
(၁) မုန်တိုင်းကြောင့် တရွာလုံးနီးပါးပျက်စီးလားခရသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာတွင် လက်ဟိ၌ စားဝတ်နီရီး အခက်ကြုံနီကတ်ရသည်။
(၂) “Mochaဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်အာရက္ခအရေးပေါ် ကယ်ဆယ်ရီးနန့် ပြန်လည်နီရာချထားရီးကော်မတီ” သည် မုန်တိုင်းသင့်ဒေသ မြီပြင်တွင် (အရေးတကြီး) ချက်ချင်း အရေးပေါ်လိုအပ်နီသောနီရာများ၌ ပရဟိတစိတ်ဓါတ်အပြည့်နန့် ကူညီလုပ်အားပီးဆောင်ရွက်ကတ်ပါရန် အာရက္ခပရဟိတလူငယ်ထုသို့ မေ ၂၁ ရက်နိတွင် ပန်ကြားချက် တစောင် ထုတ်၍ ဖိတ်ခေါ်လိုက်သည်။
