APM ၊ ဧပြီ ၂၂ / ၂၀၂၃
၂၀၂၂-၂၃ပညာသင်နှစ် အခြီခံပညာအတန်းကျောင်းများ ၏ အောင်စာရင်းများကို ဧပြီ ၂၇ ရက်နိ ထုတ်ပြန်မည်ဟု သိရသည်။
အခြီခံပညာအတန်းများဖြစ်သည့် KG တန်းမှ Grade 11 အထိအောင်စာရင်းများကို ဒေလ ၂၇ ရက်နိ အခြီခံပညာ ကျောင်းအသီးသီးနန့် ပုဂ္ဂလိက ကျောင်းများ၌ ကြေညာမည်ဟု ဆိုသည်။
တက္ကသိုလ်ဝင်စာမိန်းပွဲအောင်စာရင်းကိုတော့ ပုံမှန်ထုတ်ပြန်နီကျဖြစ်သည့် ဂျုန်လမှာ ထုတ်ပြန်နိုင်ခြေဟိသည်။
၂၀၂၂-၂၃ ပညာသင်နှစ်မှာ တနိုင်ငံလုံးအတိုင်းအတာနန့် အခြီခံပညာကျောင်းများတွင် ကျောင်းသား/သူပေါင်း ၇ သန်းကျော် တက်ရောက်ခကြောင်း သိရသည်။
Please follow and like us: