
APM ၊ ဧပြီ ၂၂ / ၂၀၂၃
ယူကရိန်းနိုင်ငံ နေတိုးအဖွဲဝင်နိုင်ငံဖြစ်လာရီးကို အဖွဲ့ဝင်နိုင်ငံအားလုံးမှ သဘောတူကြောင်း ဧပြီ ၂၁ ရက်နိမှာ နေတိုးအတွင်းရီးမှူးချုပ် ယန်စတော့တန်ဘာ့ဂ်က ထုတ်ဖော် ပြောဆိုလိုက်သည်။
ပြီးခသည့် ဧပြီ ၂၀ ရက်နိက ယူကရိန်းနိုင်ငံမြို့တော် ကိဗ်မှာ သမ္မတ ဇလန်းစကီးနန့် တွိဆုံခပြီးနောက် ယန်စတော့ တန်ဘာ့ဂ်၏ မှတ်ချက်ပီးပြောဆိုမှု အဂုပိုင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယန်စတော့တန်ဘာ့ဂ်က “လက်ဟိတွင်ယူကရိန်းက ရုသျှအောင်နိုင်ရီးအပေါ် အဓိကအာရုံစိုက်ထားကြောင်း၊ စစ်ပွဲ အပြီး၌ တိုက်ခိုက်မှုအသစ်များကို ယူကရိန်းအနီနန့် တား ဆီးနိုင်ရန်လိုအပ် ကြောင်း”ထည့်သွင်းပြောဆိုလားသည်။
ယင်းအပြင်ဇလန်းစကီးလေ့”နေတိုးအနီနန့်ယူကရိန်းကိုအဖွဲဝင်နိုင်ငံအဖြစ်ကမ်းလှမ်းဖို့အချိန်တန်ပြီးရုသျှအပေါ်တိုက်ခိုက်နိုင်ရီးအတွက် နောက်ထပ်လက်နက်များလိုအပ် နီသည်”ဟု ပြောကြားခသည်။
အလားတူ နေတိုးသည် ယူကရိန်းတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို စစ်ရီးလီကျင့်သင်ကြားပီးပြီး ယူရို ၆၅ ဘီလီယံ (ပေါင် ၅၇ ဘီလျံ) ကိုလေ့ ထောက်ပံပီးခကြောင်း သိရသည်။
Source – NATO allies ‘agree Ukraine will become member’
Photo – AP
