APM ၊ ဧပြီ ၂၂ / ၂၀၂၃
ဖူလ်ဟမ်တိုက်စစ်မှူး အလက်ဆန်ဒါ မီထရိုဗစ်နန့် နည်းပြမာကိုဆေးလ်ဗားရို့အပေါ် FA ချမှတ်ထားသည့် ပြစ်ဒဏ် နည်းသည်ဟုဆိုကာ FA မှ ကော်မသျှင်ထံ ထပ်မံတရားစွဲထားသည့်စွဲချက်အား ကော်မသျှင်က ပယ်ချလိုက်သဖြင့် မီထရိုဗစ်နန့် ဆေးလ်ဗားရို့ ထပ်တိုးပြစ်ဒဏ်မှ ကင်းလွတ်လားကြောင်း သိရသည်။
ပြီးခသည့် မာ့ချ် ၁၉ ရက်နိက မန်ယူကို ၃-၁ ဂိုးနန့်ယှုံးနိမ့်ခသည့် FA ဖလားကွာတားဖိုင်နယ် ပွဲစဥ်တွင် ဆန်ချို၏ ကျောက်သွင်းမှုအားလက်နန့်တားဆီးခသည့်ဝီလျံအား တိုက်ရိုက်အနီကတ်ပြခသည့် ဒိုင်လူကြီးကာဗာနာကို မီထရို ဗစ်နန့် မာကိုဆေးလ်ဗားက ဝိုင်ဝန်းရန်ပြုခ၍ အင်္ဂလန် FA မှ မီထရိုဗစ်ကို ၈ပွဲပယ်၊ဆေးလ်ဗားကို ၂ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခသည်။
ယင်းနောက် FA သည် ၎င်းရို့ချမှတ်ခသည့်ပြစ်ဒဏ်နည်းသည်ဟုဆိုကာ မီထရိုဗစ်နန့် ဆေးလ်ဗားရို့အား ပြစ်ဒဏ် ထပ်တိုးပီး ရန် လွတ်လပ်သည့်ကော်မသျှင်၌ ထပ်မံစွဲဆိုခသည်။
သို့သော် ကော်မသျှင်က ဧပြီ ၂၁ ရက်နိတွင်FA ၏ ထပ်မံစွဲဆိုချက်ကို ပယ်ချလိုက်သည့်အတွက် မီထရိုဗစ်နန့် ဆေးလ်ဗား ရို့သည် FA၏ ထပ်တိုးပြစ်ဒဏ်များမှကင်းလွတ်လားခရသည်။
ယေဇူးနန့် မီထရိုဗစ်အနီနန့် ၈ ပွဲပယ်ပြစ် ဒဏ်ရာ ကျခံရမည်ဖြစ်ပြီး နည်းပြ ဆေးလ်ဗားကတော့ ပြစ်ဒဏ်မှ လွတ်မြောက်၍ ပြီးခသည့်အပတ် အဲဗာတန်အသင်းနန့် ပွဲကိုပြန်လည်ကိုင်တွယ်ခကြောင်း သိရသည်။
ဖူလ်ဟမ်အသင်းသည် လက်ဟိပရီးမီးယားလိဂ်တွင် ရမှတ် ၄၅ မှတ်နန့် အဆင့် (၉)နီရာ ၌ ရပ်တည်နီပြီး ဧပြီ ၂၅ ရက်နိတွင် အက်စတွန်ဗီလာနန့် ယှဥ်ပြိုင်ကဇတ်ရမည်ဖြစ် သည်။
Source – Metrovicnant and Silva’s appeal was successful.
Photo – Getty Images