
APM ၊ ဧပြီ ၂၂ / ၂၀၂၃
ရက္ခိုင်ပြည်မှာ ဒုတိယသင်္ကြန်ဟု တင်စားထားသည့် ရီပေါ်သင်္ကြန်ပွဲတော်နန့်အတူ သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို အဂုနှစ်တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပလားမည်ဟု ဘုရားပွဲကျင်းပရီးကော်မတီမှ သိရသည်။
ပွဲတော်ကို ဧပြီ ၂၆ ရက်မှ ၃၀ ရက်နိအထိ ၅ ရက်တိုင်တိုင်ကျင်းပမည်ဖြစ်သည်။
ဘုရားပွဲတော်တွင် ရီပေါ်သင်္ကြန်၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအပြင် ရက္ခိုင်ရိုးရာလောင်းပြိုင်ပွဲနန့်ကျင်ပွဲ ရို့ကို ထည့်သွင်းထားကြောင်း ပွဲတော်ကျင်းပရီးကော်မတီက ပြောသည်။
ယင်းအပြင် ဇာတ်သဘင်ဖြင့်လေ့ ဧပြီ ၂၈ ရက်နိညည့်မှ ၃၀ ရက်နိညည့်အထိ ၃ ညည့်တိုင်တိုင်ကပြ ဖျော်ဖြေလား မည်ဟုဆိုသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်က ရီပေါ်သင်္ကြန်မှာ လောင်း၊ဘုတ် အစီးရေ ၃၀၀ မှ ၅၀၀ အထိ အသုံးပြု၍ မြို့နယ်ပေါင်းစုံက ပရိသတ်ထောင်သောင်းချီကာ ပျော်ရွှင်စွာ လာရောက် ရီကဇတ်ခကတ်သည်ဟု သိရသည်။
ကျောက်တော်တောင် ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို ရက္ခိုင်မှာ ၂ဝ၁၉ မှ ၂ဝ၂၁ ခုနှစ်အထိ စစ်ရီးနန့် ကိုဗစ်ကပ်ဖီး ရို့ကြောင့် စည်ကားစွာ ကျင်းပနိုင်ခြင်းမဟိခလို့ သိရသည်။
