
APM ၊ မာ့ချ် ၂၂ / ၂၀၂၃
ရက္ခိုင်ပြည် မောင်တောနန့် ရသေ့တောင်မြို့နယ်ရို့၌ လုံခြုံရီးတာဝန်ထမ်းဆောင်နီသည့် မြန်မာစစ်တပ် လက်အောက်ခံ နယ် ခြားစောင့်တပ်ဖွဲ့ဝင်များ ထွက်ဗြီးမှု ပိုမိုများပြားလာပြီး အဂုလ ၁၉ ရက်နိကဆိုလျင် ၆ ယောက်အထိ ထွက်ဗြီးခသည်ဟု သိရသည်။
ထွက်ဗြီးခသည့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ လက်နက်ပါယူဆောင်လားကတ်ကြောင်း သတင်းများကဆိုသည်။
“AA ဖက်ကို ရောက်လားရေလို့လေ့ကြားရေ။ အတိအကျပြောဖို့က ခက်ပါရေ”ဟုဒေသခံတယောက်က APM ကို ပြော သည်။
နယ်ခြားစောင့်တပ်ဖွဲ့ အပါအဝင် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်များ ထွက်ဗြီးနီကတ်သည်မှာ အကြိမ်ပေါင်းများစွာ ဟိနီကြောင်း ၎င်း ဒေသခံက ဆိုသည်။
” ဗြီးစွာကတော့ မကန်ပါ။ ရွီလို့မကျလိုက်ပါဗျာယ်။ တချို့ကလက်နက်မပါ၊ တချို့က လက်နက်ပါ ယူလို့ဗြီးလား ရေလို့ နယ်ခြားစောင့်တိက ရက်ပြတ်ပြောကတ်ပါရေ ” ဟု သူက ပြန်ပြောပြသည်။
မြန်မာစစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း တပ်စခန်းများမှ ထွက်ဗြီးလားသူများမှာ တိုင်ရင်းသား လက်နက်ကိုင်များထံ ခိုလှုံလိ ဟိကတ်ပြီး အလားတူ ရက္ခိုင်ပြည်မှာဆိုလျှင် ရက္ခိုင့်တပ်တော်၌လာရောက် ခိုလှုံခြင်းများလေ့ဟိကြောင်း သိရသည်။
