APM ၊ မာ့ချ် ၂၂ / ၂၀၂၃
ဂျာမဏီလက်ရွီးစင်ကွင်းလယ်ကဇတ်သမားဟောင်းဖြစ်သည့် မီဆွတ်အိုဇေးလ်သည် ဘောလုံးကဇတ်သမားဘဝမှ အနားယူပြီးဖြစ်ကြောင်း ဒေနိ(မာ့ချ် ၂၂ ရက်နိ) တွင် တရားဝင်ကြေညာလိုက်သည်။
ရှော်ကေးအကယ်ဒမီထွက် အိုဇေးလ်သည် ဘရီမင်၊ ရီးရဲမက်ဒရစ်၊ အာဆင်နယ်အသင်းနန့် တူရကီကလပ် အစ္စတန်ဘူလ်အသင်းရို့တွင် ကဇတ်ခပြီး ဘောလုံးလောကမှ အနားယူကြောင်း ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ကြေငြာခခြင်းဖြစ်သည်။
“မမိနိုင်စရာ အတွိအကြုံတိနန့် ဖြတ်သန်းခရေဘောလုံးခရီးတလျှောက် ကလပ်အသင်းတိနန့် နည်းပြအပါအဝင် အသင်းဖော်တိကိုကျေးဇူးအထူးတင်ပါရေ။ ယင်းအပြင် ကျနော်ခရီးလမ်း၏ အကောင်း၊ အဆိုးတိကို မျှဝီခံစားပီးခ ကတ်တေ မိသားစုဝင်တိနန့် အရင်းနီးဆုံးသူငယ်ချင်းတိကိုလေ့ ကျေးဇူးတင်ပါရေ” ဟု အိုဇေးလ်က ဆိုသည်။
အိုဇေးလ်သည် ၁၈ နှစ်တာကဇတ်ခသည့် သူ့၏ပရော်ဖက်သျှင်နယ်ကဇတ်သမားဘဝတွင် ကလပ်အသင်းပွဲပေါင်း ၅၉၈ ပွဲကဇတ်ခပြီး၊ ၉၈ ဂိုးသွင်းယူနိုင်ခသည်။
ယင်းအပြင် နိုင်ငံအသင်းအတွက်လေ့ ၉၂ ပွဲ ပါဝင်ကဇတ်ပီးထားပြီး၂၃ ဂိုးသွင်းယူပီးခသည်။
အသက် ၃၄နှစ်အရွယ်အိုဇေးလ်သည် နိုင်ငံလက်ရွီးစင် ဂျာမဏီအသင်းနန့်ရဟိခသည့် ၂၀၁၄ ကမ္ဘာ့ဖလားအပါအဝင် ကဇတ်သမားဘဝတလျှောက် ဆုဖလားပေါင်း ၉ လုံးအထိဆွတ်ခူးနိုင်ခ ကြောင်းသိဟိရသည်။