
APM ၊ မာ့ချ် ၂၂ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ် ၁၇(၁) နန့်တရားစွဲခံထားရသည့် ကျောက်ဖြူက ၁၄ ယောက်အမှုကို မာ့ချ် ၂၁ ရက်နိက (၁၅) ကြိမ်မြောက်ရုံးထုတ်ခကေလေ့မြန်မာစစ်တပ်ဖက်မှ တရားလို ထပ်ပျက်ပြန်၍မစစ်ဆီးနိုင်ခဟု သိရသည်
ရက္ခိုင့်တပ်တော်AAနန့် မြန်မာစစ်တပ်ရို့ တိုက်ပွဲကာလများအတွင်းက ကျောက်ဖြူမြို့နယ်တွင်မြန်မာစစ်တပ်က မတရား သဖြင့် ဖမ်းဆီးခသည့် အပြစ်မဲ့ပြည်သူ ၆၀ ကျော်ခန့်ဟိပြီး ယင်းအထဲက ၁၇(၁)နန့်တရားစွဲခံထားရသည့် ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွပ်မှ ရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးဝင်းမောင်အပါအဝင် ၁၄ ယောက်အမှုကို မာ့ချ် ၂၁ ရက်နိ၌ ကျောက်ဖြူမြို့နယ်တရားရုံး၌ ရုံးထုတ်ခခြင်းဖြစ်သည်။
ယင်းသို့ ရုံးထုတ်ခကေလေ့ မြန်မာစစ်တပ်ဖက်မှ တရားလိုများ ရုံးချိန်း ထပ်ပျက်ပြန်၍ မစစ်နိုင်ခဘဲ လာမည့် မာ့ချ် ၂၈ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ရကြောင်းသိရသည်။
ယင်းကျောက်ဖြူဒေသခံ ၁၄ ယောက်အားတရားစွဲဆိုထားသည့် တရားလိုများမှာ မြန်မာစစ်တပ်ဖက်မှ ဗိုလ်ကြီး ရှိုင်းထက်အောင်နန့်ဗိုလ်အဆင့်ဟိသူတယောက် ဖြစ်သည်။
၎င်းတရားလိုနှစ်ယောက်သည်စတင်ရုံးထုတ်သည့်အချိန်ကစ၍ တကြိမ်တခါမျှ ရုံးချိန်းလာရောက်ခြင်းမဟိဘဲ ရုံးချိန်းရွှိနီရသည်မှာ ဒေဂုတကြိမ်ဆိုလျှင် (၁၅)ကြိမ် ဟိပြီးဖြစ်ကြောင်း သိဟိရသည်။
ယင်းသို့ တရားလိုဖက်မှ ရုံးချိန်းပျက်ကွက်နီ၍ စွပ်စွဲခံရသူအမှုသည်များတွင် နစ်နာမှုများစွာဟိနီကာ အမှုကို အယင်စစ်ဆီးပြီး အပြစ်ဟိက ပြစ်ဒဏ်ချ၊ အပြစ်မဟိက အယင်ဆုံး ပြန်လွှတ်ပီးစီချင်ကြောင်း မိသားစုဝင်များက တောင်းဆိုနီကတ်သည်။
