
APM ၊ မာ့ချ် ၂၂ / ၂၀၂၃
ဘူးသီးတောင်မြို့နယ်၊ စံဂိုးတောင်အုပ်စု၊ နွားရုံတောင်ကျေးရွာ၌ ဘုရားသိမ်ဆောက်ရန်လှူဒါန်းထားသည့် သံနန့်စတားခွေများကို မြန်မာစစ်တပ်မှ ဗိုလ်မှူးတဦးက ခိုးယူရောင်းချထားကြောင်းသိရသည်။
ယင်းနွားရုံတောင်ကျေးရွာမှ ရွာသားများသည် ကုန်ခသည့် ၂၀၁၉ ခုနှစ်က ရွားအနား၌ ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ် ရိုတိုက်ပွဲဖြစ်ပွားခမှုကြောင့် နီရပ်စွန်ခွာတိမ်းယှောင်နီခရသည်။
ရွာသားများ တိမ်းယှောင်လာစဉ်က ရွာဦးကျောင်းဝန်းထဲ၌ ဘုရားသိမ်ဆောက်ရန် သံ ၇ တန် နန့် စတားခွေ ၆ ခွေ ကျန်နီခသည်။
လက်ဟိတွင် ယင်း သံနန့်စတားခွေများကို မြန်မာစစ်တပ်မှ ဗိုလ်မှူး အောင်မိုးသူဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ခိုးယူလားခပြီး မြန်မာစစ်တပ်၏ ထိပ်ထူးပေါက်စခန်းအရှိဖက်ကားလမ်းနား၌ စုပုံထားကြောင်း ဒေသခံများက ပြောသည်။
ယင်းနောက် ယင်းသံနန့်စတားခွေများကို ဘူးသီးတောင်မြို့နယ်မှ ဟူဆောင်းဆိုသူအား သံတတန်လျှင်ငွေကျပ် ၁၅ သိန်း ဖြင့် ရောင်းချထားကြောင်းလေ့ဒေသခံများက ဆိုသည်။
အဆိုပါသံထည်ပစ္စည်းများတွင် ရွာကျောင်း၌ သိမ်ဆောက်လုပ်ရန်နန့် သုံးဆယ့်တဘုံလျောင်းတော်မူဘုရားမှာ အဆောက် အဦဆောက်လုပ်ရန် သံထည်ပစ္စည်းများပါဝင်ပြီး ရန်ကုန်မှ အလှူသျှင်တဦး လာရောက်လှူဒါန်းထား ခြင်း ဖြစ်ကြောင်းသိဟိရပါသည်။
