
APM ၊ ဖေဖော်ဝါရီ ၂၂ / ၂၀၂၃
အာဆင်နယ်အသင်းသည် အသင်း၏ကွင်းလယ်ကဇတ်သမား မိုဟာမက်အယ်လ်နီနီကို ၂၀၂၄ ခုနှစ်အထိ စာချုပ် သက်တမ်း တိုးလိုက်ကြောင်း သိရသည်။
အသက် ၃၀ အရွယ် မိုဟာမက်အယ်လ်နီနီသည် ဒေနှစ်ရာသီကုန်တွင် အာဆင်နယ်အသင်းနန့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကာ အာဆင်နယ်ဖက်က အသင်းတွင်ဆက်ထိမ်းထားလို၍ ၂၀၂၄ ခုနှစ်အထိ ၁ နှစ် သက်တမ်း တိုးစာချုပ်ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။
“အာဆင်နယ်အသင်းမှာ နှစ်အကြာကြီးကဇတ်ခွင့်ရလို့ ဂုဏ်ယူမိပါရေ။ အသင်းနန့် ဒေဂုပိုင် စာချုပ်သက်တမ်း တိုးခွင့်ရလို့လေ့ ကျေနပ်ပါရေ။ ကျနော်အနီနန့် နည်းပြအာတီတာ လက်အောက်မှာ အသင်းကို အကောင်းဆုံး ကူညီပီးနိုင်ဖို့ မျှော်လင့်ပါရေ” ဟု အယ်လ်နီနီက ဆိုသည်။
အယ်လ်နီနီသည် ကုန်ခသည့် ၂၀၁၆ ခုနှစ်တွင် ဘေဆယ်လ်အသင်းကနီ အာဆင်နယ်အသင်းသို့ ရောက်ဟိလာခြင်းဖြစ်ပြီး၊ ဒေဂုရာသီ ပရီးယားလိဂ်တွင် အသင်းနန့်တတူ ၅ ပွဲပါဝင်ကဇတ်ပီးထားကြောင်း သိဟိရပါသည်။
Photo – Mohamed Elneny signs a one-year contract extension to keep him at Arsenal until 2024… as the Gunners’ longest-serving player hails the ‘spirit and togetherness’ under Mikel Arteta
Photo – Sky Sports
