APM ၊ ဖေဖော်ဝါရီ ၂၂ / ၂၀၂၃
အမေရိကန်နန့် ချုပ်ဆိုထားသည့် မဟာဗျူဟာနျူကလီယားလက်နက်ထိန်းချုပ်ရီး ဆိုင်ရာသဘောတူစာချုပ် (START)ကို ရပ်ဆိုင်လိုက်ကြောင်းဖေဖော်ဝါရီ ၂၁ ရက်နိတွင် ပြောကြားခသည့် နိုင်ငံတော်အခြီပြမိန့်ခွန်းတွင် ရုသျှသမ္မတပူတင်က ကြေညာလိုက်သည်။
သမ္မတပူတင်က ယူကရိန်းပဋိပက္ခပိုဆိုးလာရာတွင် အနောက်နိုင်ငံ ဂေါင်းဆောင်များ၌ တာဝန်ဟိကြောင်း၊ အနောက်နိုင်ငံများက ရုသျှနန့် ဆက်ဆံရီးအားလုံးကို အဆုံးသတ်ချင်နီ၍ အဂုပိုင် START တွင်ပါဝင်မှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခခြင်းဖြစ်သည်။
ယင်းအပြင် အနောက်နိုင်ငံဂေါင်းဆောင်များသည် ယူကရိန်းပဋိပက္ခကို ပိုပြီးဆိုးဝါးလာအောင် လောင်စာထည့်ပီးနီပြီး ပဋိပက္ခဒဏ်ကို ခံစားကတ်ရသူများအတွက် တာဝန်ဟိကြောင်းလေ့ သမ္မတပူတင်က ပြောဆိုလားခသိမ့်သည်။
နှစ်နိုင်ငံ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်မှု အရေအတွက်ကို ထိန်းချုပ်ထားသည့် ယင်းနျူကလီယားလက်နက် ထိန်းချုပ်ရီးဆိုင်ရာ သဘောတူစာချုပ်ကိုအမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားနန့် ရုသျှသမ္မတဟောင်းဒီမီထရီမက်ဗီဒက်ဗ်ရို့ ၂၀၁၀ ခုနှစ်က လက်မှတ်ရွီးထိုးခခြင်းဖြစ်ပြီး ၂၀၂၆ ဖေဖော်ဝါရီ ၄ ရက်နိအထိ သက်တမ်း တိုးရန် သဘောတူထားခြင်းဖြစ်ကြောင်း သိဟိရသည်။
Source – Russia suspends only remaining major nuclear treaty with US
Photo – AP