APM ၊ ဖေဖော်ဝါရီ ၂၂ / ၂၀၂၃
မြန်မာစစ်တပ်က မတရားဖမ်းဆီးကာ မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) ရို့နန့် အသီးသီးတရားစွဲဆိုထားသည့် လူထုဇော်ဝင်းအပါအဝင် ကျောက်တော်က ၆ ယောက်အမှုကို ဒေနိ (ဖေဖော်ဝါရီ ၂၂ ရက်နိ)တွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ တရားလို မရောက်ဟုဆိုကာ မစစ်ဆီးဘဲ လာမည့်ဖေဖော်ဝါရီ ၂၈ ရက် နိသို့ ရုံးချိန်းထပ်ရွှိလိုက်ပြန်ကြောင်း သိရသည်။
အဆိုပါ ကျောက်တော် က ၆ ယောက်မှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ လူထုဇော်ဝင်း (ခေါ်)ဦးဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာက ဦးကျော်သန်းမောင်၊ ပန်းဖဲချောင်းရွာက ကိုဇော်မိုးထက်၊ သရက်တပင်ရွာက ဦးမောင်စောသာ၊ ကျောက်တော်မြို့ကဝိရတနာစစ်ဖီးယှောင်စခန်းက ဦးကျော်ဟိန်းနန့် ပြားမြို့နယ်က အပျော်တန်းဓာတ်ပုံ ဆရာ ဦးစိုးမိုးကျော်ရို့ ဖြစ်ကတ်သည်။
သူရို့ ၆ ယောက်ကို ဒေနိ မိုးထ ၁၁ နာရီခန့်ကကျောက်တော်မြို့နယ်တရားရုံး၌ တပေါင်းတည်း ရုံးထုတ်ခပြီး၊ မြန်မာစစ်တပ်ဖက်မှ တရားလိုမရောက်ဟုဆိုကာ မစစ်ဆီးခဘဲ လာမည့် ဖေဖော်ဝါရီ ၂၈ ရက်နိကို ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဂျုန်လ၌ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဦးဇော်ဝင်း၊ ဦးကျော်သန်းမောင်၊ ကိုဇော်မိုးထက်၊ဦးမောင်စောသာ၊ ဦးကျော်ဟိန်းနန့် ဦးစိုးမိုးကျော် ရို့ကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခသည်။
ယင်းနောက် မြန်မာစစ်တပ်ဖက်က တရားလိုလုပ်၍ ဦးဇော်ဝင်း၊ ဦးကျော်သန်းမောင်နန့် ကိုဇော်မိုးထက်ရို့ကို ၅၀၅ (က)၊ ဦးမောင်စောသာ၊ ဦးကျော်ဟိန်းနန့် ဦးစိုးမိုးကျော်ရို့ကို ၁၇(၁)ရို့နန့် ကျောက်တော်မြို့နယ် တရားရုံးတွင် အသီးသီးအမှုဖွင့်တရားစွဲဆိုထားခြင်း ဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၆ ယောက်ကို ကျောက်တော်မြို့မရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိဟိရပါသည်။