APM၊ ဒီဇမ်ဘာ ၂၂ / ၂၀၂၃
ဒီဇမ်ဘာ ၂၁ ရက်နိညဇာ ၅ နာရီလောက်မာ စစ်တွေသို့ ဈီးဝယ်လာရေ ဟွန်ဒါ ၃ စီးနန့် သမ္ဗာန် ၁ စီးရို့ကနီ ခရီးသည် ၁၁ ယောက်ကို စစ်ကောင်စီနေဗီက ဖမ်းဆီးလားကြောင်းသိရပါရေ။
ဖမ်းဆီးခံရသူတိမာ ဦးအောင်ကျော်လှ (၃၀ နှစ်)၊ ကိုဖူတီယာ(၁၉ နှစ်)၊ ကိုမာမွတ်နူဘီ (၂၁ နှစ်)၊ ဦရန်သျှား(၃၀ နှစ်)၊ ကိုမောင်မောင် (၂၈ နှစ်)၊ ဦးဘိုစိန်သန်း(၄၆ နှစ်)၊ ဦးဆန်းယဉ်မောင် (၃၈ နှစ်)၊ ဦးမောင်သိန်းမြင့်(၃၁ နှစ်)၊ မချစ်မြတ်နွယ်(၂၅နှစ်)၊ မမိုးနွယ်ဆန်း(၂၁ နှစ်)၊ မမြတ်သူဇာ(၂၇နှစ်)ရို့ ဖြစ်ကတ်ပါရေ။
သူရို့တိအားလုံးစွာ စစ်တွေသို့ ဈီးဝယ်လားရေ လူတိဖြစ်ပြီးကေ ဒီဇမ်ဘာ ၂၁ ရက်နိ၊ညဇာ ၅ နာရီလောက်မာ ပေါက်တောမြို့နယ်၊ ရဖီးချပ်တောင်အောက် မြစ်ပြင်မာ တန့်ထားရေ စစ်ကောင်စီနေဗီ(443) ကသူရို့စီးလာရေ ဟွန်ဒါတိ၊ သမ္ဗာန်တိနန့်အတူ အားလုံးကိုဖမ်းယူလားစွာလို့ သိရပါရေ။
ယင်းနောက် ဖမ်းဆီးခံရလူတိကို စစ်တွေမြို့ ကိုးရီးယား ဆိပ်ကမ်းကတဆင့် စစ်ကောင်စီ၏ စစ်တွေအမှတ် (၁)ရဲစခန်းသို့ ယူဆောင်လား ပြီးကေ သူရို့နန့်အတူ ပါလာရေ ကုန်ပစ္စည်းတိကိုလည်း သိမ်းဆည်းထားရေလို့ ဆိုပါရေ။
ကုန်ခရေ ဒီဇမ်ဘာ ၁၂ ရက်နိကလည်း စစ်တွေမြို့ ကိုးရီးယား ဆိပ်ကမ်းအောက်သို့ ရောက်ဟိနီရေ ၊ဘုတ်၊သမ္ဗာန် ၊စက်လှီတိထဲက ဒေသခံ ခရီးလားပြည်သူ ၅၃ ယောက်ကို စစ်ကောင်စီက အစုအပြုံအလိုက် ဖမ်းဆီးခပါသိမ့်ရေ။