
A general view shows a United Nations Security Council meeting during a vote on a draft resolution calling for an immediate end to violence in Myanmar and release of political prisoners, at the UN headquarters in New York on December 22, 2022. - The UN Security Council called for Myanmar's junta to release Aung San Suu Kyi as it adopted its first ever resolution on the situation in the turmoil-ridden Southeast Asian country. (Photo by Ed JONES / AFP)
APM ၊ ဒီဇမ်ဘာ ၂၂ / ၂၀၂၂
မြန်မာပြည်၌ဖြစ်ပေါ်နီသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရီးအကျဉ်းသားများကို ပြန်လွှတ်ပီးရန်၊ အာဆီယံ ဘုံသဘောတူညီချက်များကိုအမြန်ဆုံးအကောင် အထည် ဖော်ရန်၊ လူ့အခွင့်အရေးနန့် တာဝန်ခံမှု စံနှုန်းများကို လိုက်နာကတ်ရန်၊ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီ များကို အကန့်အသတ်မဟိ ခွင့်ပြုပီးရန် တိုက်တွန်းကြောင်း ဒီဇမ်ဘာ ၂၁ ရက်နိက ကုလသမဂ္ဂ လုံခြုံရီး ကောင်စီ၌ ဆုံးဖြတ်သည်။
၁၉၄၈ ခုနှစ်မှ ဒေနိအထိ နှစ်ပေါင်း ၇၄ နှစ် ကာလအတွင်း မြန်မာ့အရေးနန့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရီးကောင် စီမှ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်ပြီး၊ ဆုံးဖြတ်ချက်အတွက် မဲပီးရာ၌ လုံခြုံရီးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံဟိသည့်အနက် ၁၂ နိုင်ငံမှ ထောက်ခံမဲပီးခကာ၊ ဗီတိုအာဏာသုံးခွင့်ဟိသည့်တရုတ်၊ ရုသျှနန့် အိန္ဒိယ ရို့ က မဲမပီးခဟု သိရသည်။
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က “ လုံခြုံရီးကောင်စီက အဂုပိုင် ဆုံးဖြတ်ရစွာရေ အာဆီယံဂေါင်းဆောင်တိက ကုလသမဂ္ဂမှ ထောက်ခံကူညီမှုပီးဖို့ တောင်းဆိုစွာကို ကုလသမဂ္ဂဖက်က တုံ့ပြန်လိုက် စွာ ဖြစ်ပါရေ”ဟု မဲခွဲဆုံးဖြတ်အပြီး လုံခြုံရီးကောင်စီ အစည်းအဝေး၌ ပြောဆိုခသည်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun ကတော့ မြန်မာပြည်ပြဿနာကို အလျင်အမြန် ဖြေယှင်းရန် မဖြစ်နိုင်ကြောင်း မှတ်ချက်ပီးခသည်ဟု သိရသည်။
