
Ghaziabad: Commuters walk on a foot over bridge amid low visibility due to dense fog on a cold winter morning, at Ghaziabad Railway Station, Tuesday, Dec. 20, 2022. (PTI Photo/Vijay Verma)(PTI12_20_2022_000063A)
APM ၊ ဒီဇမ်ဘာ ၂၂ / ၂၀၂၂
အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ပြီးခသည့် ဒီဇမ်ဘာ ၁၉ ရက်နိမှ ဒေနိ(ဒီဇမ်ဘာ ၂၂ ရက်နိ) အထိ မြူနှင်းများ ထူထပ် ဆိုးရွားစွာ အကြီးအကျယ်ကျဆင်းနီ၍ ယာဉ်တိုက်မှုများဖြစ်ပွားကာ လူ ၁၄ ယောက်ထက်မနည်းသီဆုံးပြီး၊ ထိခိုက် ဒဏ်ရာရမှု အများအပြားဟိခကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ပန်ဂျပ်မြို့နန့် အနောက်မြောက်ပိုင်း ရာဂျပ်စတန် (Rajasthan) မှ အရှိအူပတာပရာ ဒက်ရှ် (Uttar Pradesh) မြို့အထိ မြူနှင်းများ ထူထပ်စွာ ကျဆင်းနီခြင်းဖြစ်သည်။
ယင်းသို့ မြူနှင်းများ ဆိုးဝါးစွာ ကျဆင်းနီမှုကြောင့် ပြီးခသည့် ဒီဇမ်ဘာ ၁၉ ရက်နိက ပန်ဂျပ်ပြည်နယ်အပါအဝင် မြောက်ဖက် ပြည်နယ် ၅ ခု၌ ယာဉ်တိုက်မှုများ ဖြစ်ပွားကာ လူ ၁၁ ယောက်ထက်မနည်း သီဆုံးခပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။
ယင်းအပြင် ဒီဇမ်ဘာ ၂၀ ရက်နိကလေ့ Uttar Pradesh ပြည်နယ်နန့် Arnia ပြည်နယ်ရို့၌ မြူနှင်းထူထပ်မှုကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားရာ လူ ၃ ယောက်ထက်မနည်း သီဆုံးခပြီး၊ လူ ၄၀ ထိခိုက်ဒဏ်ရာ ရဟိလားခသည်။
ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ် Bhagwant Mann က ပြည်နယ်အတွင်းဟိ စာသင်ကျောင်းများအားလုံးကို ဒီဇမ်ဘာ ၂၁ ရက်မှ ဂျန်နဝါရီ ၂၁ ရက်နိအထိ မိုးထ ၁၀ နာရီတွင်ဖွင့်လှစ်မည်ဟု ကြေညာထားပြီး၊ Uttar Pradesh ပြည်နယ် အစိုးရကလေ့ ညည့်ဖက်၌ ဘတ်စ်ကားများ ဗြီးဆွဲမှုကို ရပ်နားထားကြောင်း သိရသည်။
Photo-Vijay Verma
