APM ၊ ဒီဇမ်ဘာ ၂၂ / ၂၀၂၂
ရုသျှထံတိုက်ခိုက်ခံရပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ယူကရိန်းသမ္မတ ဇယ်လန်းစကီးသည် အမေရိကန် ပြည်ထောင်စုသို့ ရောက်ဟိလာပြီး၊ ဒီဇမ်ဘာ ၂၁ ရက်နိကအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နန့် အိမ်ဖြူတော်၌ တွိ ဆုံဆွေးနွေးခသည်။
ယင်းသို့တွိဆုံဆွေးနွေးရာတွင် သမ္မတနှစ်ဦးသည် ယူကရိန်းစစ်ပွဲ၌ လက်တွဲပူးပေါင်းဆောင်ရွက်မှုကို အလေးထား ပြောကြားခကတ်ပြီး၊ အမေရိကန်သည် ယူကရိန်း၏ အချုပ်အချာအာဏာနန့်နယ်မြီစိုးမိုးရီးဆိုင်ရာအခြီခံမူများကို ထိန်းသိမ်းရာ၌ ယူကရိန်းနန့်အတူ ရပ်တည်လျက်ဟိကြောင်း ပြောကြားခသည်။
ယင်းအပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က “ယူကရိန်းပြည်သူများသည် တကမ္ဘာလုံးအတွက် အားကျဂုဏ်ယူ စရာဖြစ်ကြောင်း နန့် သမ္မတ ဇယ်လန်းစကီးသည် အမေရိကန်ပြည်ထောင်စု၏ ထူးခြားပြောင်မြောက်သူ အဖြစ် အသိအမှတ်ပြု ခံရသူဖြစ်ကြောင်း”ချီးမွှမ်း ပြောကြားခသည်။
ယူကရိန်းသမ္မတဇယ်လန်းစကီးက “သူ၏ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရီးအတွက် သမိုင်းဝင်အခိုက်အတန့်ဖြစ်ပြီး၊ ယူကရိန်းအပေါ် ပံ့ပိုးကူညီမှုအတွက် အမေရိကန်သမ္မတနန့်တကွ အမေရိကန်လွှတ်တော်၊ အမေရိကန်ပြည်သူများ အား ကျေးဇူးတင်ပါကြောင်း” ပြောကြားခသည်။
Photo- AFP