
APM ၊ ဒီဇမ်ဘာ ၂၂ /၂၀၂၂
ရက္ခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့အကြား အပစ်ရပ်လိုက်ပြီးနောက် မြန်မာစစ်တပ်က ၎င်းရို့ ပိတ်ထားသည့် ကုန်းလမ်း၊ရီလမ်းများကို ပြန်ဖွင့်ပီးသည်ဆိုသော်လေ့ ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်း ကိုတော့ လက်ဟိအချိန်ထိ ဆက်ပိတ်ထားသိမ့်ကြောင်း သိရသည်။
ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို ကုန်ခသည့် ဂျုန် ၁၆ ရက်နိမှစ၍ မြန်မာစစ်တပ်က လမ်းတလျှောက် စစ်ဆီးရီးဂိတ် သုံးခုဖွင့်ကာ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားခခြင်းဖြစ်သည်။
ယင်းလမ်းသည် ရသေ့တောင်မြို့သို့ ကုန်စည်စီးဆင်းရာ တခုတည်းသောကုန်းလမ်းဖြစ်သည့်အပြင်၊ ဒေသခံပြည်သူ များလေ့ အဓိက အသုံးပြုလားလာနီကတ်ရသည့် မြို့ချင်းဆက် လမ်းတခုဖြစ်၍ အဂုကဲ့သို့ မြန်မာစစ်တပ်က လမ်း ပိတ်ထားခြင်းကြောင့် ကုန်စည်ပို့ဆောင်ရီးနန့် လားလာရီး အခက်အခဲဖြစ်နီကတ်ရသည်။
အလားတူ ယင်းလမ်းကို အဓိက အားထားနီကတ်ရသည့် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှ ပြည်သူများ မှာလေ့ လမ်းပိတ်ထားသည့်အတွက် အရေးပေါ် ကျန်းမာရီးကိစ္စများ၌ အချိန်ကြန့်ကြာကာ အခက်အခဲ ဖြစ်နီ ကတ်ရသည်။
ယင်းအပြင် လမ်းပိတ်ထား၍ အဆိုပါလမ်း၌ ဗြီးဆွဲနီကတ်သည့် ကားသမားများမှာလေ့ ကားများ ရပ်နားထားရကာ စားဝတ်နီရီး အခက်ကြုံနီကတ်ရကြောင်း သိဟိရသည်။
