
APM ၊ နိုဗမ်ဘာ ၂၂ / ၂၀၂၃
မြောက်ဦးမြို့နယ်မာ ဒေနိ (နိုဗမ်ဘာ ၂၂ ရက်နိ) ညဇာ ၇ နာရီကျော်အချိန် စစ်ကောင်စီနေဗီက လက်နက်ကြီးနန့် ယမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံတယောက် သီဆုံးလားရေလို့ သိရပါရေ။
သီဆုံးလားရေလူမာ မြောက်ဦးမြို့နယ်၊ လီညှင်းသာရွာက ဦးကျော်သာ (၅၉ နှစ်) ဖြစ်ပါရေ။
ဦးကျော်သာစွာ ဒေနိ ညဇာ ၇ နာရီကျော်လောက်က ရပ်ရွာအုပ်ချုပ်ရီးမှူးအိမ်ကနီ ကိုယ်အိမ်သို့ ပြန်အလာမာ ကုလားတန်မြစ်ထဲဟိ စစ်ကောင်စီနေဗီက ပစ်လိုက်တေ လက်နက်ကြီးကျည်တလုံးစွာ အနားသို့ ကျရောက် ပေါက်ကွဲခစွာလို့ ရွာသားတိက ပြောပါရေ။
ယင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခလို့ ဦးကျော်သာ၏ ဦးဂေါင်းနောက်စိမာ လက်နက်ကြီးကျည်စကျပြီးကေ နီရာမာပင် ဂွင်တိုင်း သီဆုံးလားစွာလို့ ဆိုပါရေ။
ရက္ခိုင်မာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတိ နီထိုင်ရေ ရပ်ရွာတိကို လက်နက်ကြီး၊ လက်နက်ချေတိနန့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်နီလို့ ဒေသခံပြည်သူတိ သီဆုံး၊ ထိခိုက်ဒဏ်ရာရမှုတိ နိတိုင်းဖြစ်ပွားလို့ဟိနီပါရေ။
