
APM ၊ နိုဗမ်ဘာ ၂၂ /၂ဝ၂၃
ရက္ခိုင်ဒေသစစ်မျက်နှာမာစတင်နီရေ ၁၀၂၇ စစ်ဆင်ရီး (၁၀) ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း (၄) ခုကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခကြောင်း ရက္ခိုင့်တပ်တော်AA က ဒေနိ(နိုဗမ်ဘာ ၂၂ ရက်နိ) ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ “ရက္ခိုင်ဒေသစစ်မျက်နှာမာ ၁၀၂၇ စစ်ဆင်ရီးစွာ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကရာ စတင်နိုင်ခပြီးကေ စစ်ကောင်စီတပ်နန့် ရက္ခိုင့်တပ်တော်ရို့ တိုက်ပွဲတိပြန်ဖြစ်ပွားခစွာရေ ဒေနိ(၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၂၂ ရက်နိ)ဆိုကေ ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရီးကာလ (၁၀) ရက်ပြည့်မြောက်ခပြီးဖြစ်ပါရေ။ တိုက်ပွဲကာလ (၁၀) ရက်တာအတွင်း ရက္ခိုင့်တပ်တော်က ရန်သူ့ စခန်း (၄) ခုကို ထိုးစစ်ဆင် သိမ်းပိုက်ထားနိုင်ခပါရေ။ တခြား ရန်သူ့ဖက်က စွန့်လွှတ်လားခရေစခန်းပေါင်း (၄၀) ကျော်ကိုလည်း မိမိရို့က သိမ်းပိုက်ထားပါရေ လို့ဖော်ပြထားပါရေ။
လက်နက်ချအညံ့မခံရေ စစ်ကောင်စီတပ်စခန်းတိကို တိုက်ခိုက်လားဖို့လို့ ထုတ်ပြန်ထားရေအတိုင်း ရက္ခိုင့်တပ်တော်အနီနန့် ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၈ ရက်နိမာ ဘူးသီးတောင်အခြီစိုက် စစ်ကောင်စီ၏ “ခထီးလှ” တပ်စခန်းကို မိုးထ ၈ နာရီ ၁၄ မိနစ်အချိန် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခပြီးကေ နိုဗမ်ဘာ ၂၁ ရက်နိ၊ မိုးထ ၈ နာရီလောက်မာ အပြီးသတ်သိမ်းပိုက် နိုင်ခရေလို့ ဆိုပါရေ။
အလားတူ နိုဗမ်ဘာ ၁၆ ရက်နိ၊ မိုးထ ၁၀ နာရီလောက်က စတင်ထိုးစစ်ဆင်ခရေ မောင်တောအခြီစိုက် “ဒုံးညို”နယ်ခြားစောင့်တပ်စခန်းကိုလည်း နိုဗမ်ဘာ ၁၇ ရက်နိ နိခင်း ၁ နာရီအချိန်မာ ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ထားခကြောင်း သိရပါရေ။
စစ်ဆင်ရီးစတင်ခရေ ပထမနိ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိမာ ရက္ခိုင့်တပ်တော်က ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို သိမ်းပိုက်ခရေပိုင်၊ စစ်ဆင်ရီး ဒုတိယနိဖြစ်တေ နိုဗမ်ဘာ ၁၄ ရက်နိ၊ မိုးထ ၇ နာရီခွဲမာ “ချိန်ခါလီ”နယ်ခြားစောင့် တပ်စခန်းကို အပြီးသတ်သိမ်းယူနိုင်ခရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
ယင်းအပြင် ပလက်ဝမြို့နယ်အတွင်းဟိ စစ်ကောင်စီ အခိုင်မာ အထိုင်ချ နီရာယူထားရေ တရွန်အိုင်ဗျူဟာ နန့် နှုံးဘူးဗျူဟာ နှစ်ခုကို နိုဗမ်ဘာ ၁၄ ရက်နိကစလို့ ဒေနိအချိန်အထိ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နီပြီးကေ လက်ဟိယင်း ဗျူဟာနှစ်ခု ကို ထိုးစစ်ဆင်တိုက်ခိုက်နီစွာ (၉) ရက်မြောက်နိသို့ ရောက်လာခကေလေ့ တိုက်ပွဲတိ ဆက်လက် ဖြစ်ပွားလျက်ဟိရေလို့ ဆိုပါရေ။
အဆိုပါဗျူဟာနှစ်ခုအတွက် စစ်ကောင်စီစွာ လက်နက်ခဲယမ်းရိက္ခာတိကို လီကြောင်းကချပီးနီရပနာ နိုဗမ်ဘာ ၂၁ ရက်နိမာ စစ်ကောင်စီလီကြောင်း ထောက်ပို့ပစ္စည်းတိထဲက အချို့ကို ရက္ခိုင့်တပ်တော်က သိမ်းဆည်းရမိခရေလို့ သိရပါရေ။
ပေါက်တောမြို့မာ စစ်ကောင်စီဖက်က လူသားဒိုင်းကာအဖြစ် ဓါးစာခံဖမ်းဆီးထားရေ ရဟန်းသံဃာတိ၊ သက်ကြီးရွယ်အိုတိ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတိနန့် အချေသူငယ်တိအပါ အဝင် မြို့သူမြို့သား (၁၀၀) နီးပါးကို ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၂၁ ရက်နိမာ ကယ်ထုတ်နိုင်ခပြီးကေ ဆက်လက်လို့လည်း စစ်ကောင်စီလက်ထဲမာ ကျန်ဟိနီသိမ့်ရေ လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရရေ ပေါက်တောမြို့သူ မြိုသားတိကို စစ်ကောင်စီလက်ထဲက လွတ်မြောက်နိုင်ရီးကြိုးစားနီရေလို့ သိရပါရေ။
ဒေနိမိုးထ ၇ နာရီ ၂၀ မိနစ်ကစလို့ ပေါက်တောမြို့အတွင်းမာ ဓါးစာခံကယ်တင်ရီးအတွက် တိုက်ပွဲတိ ဆက်လက်ဖြစ် ပွားခပြီးကေ စစ်ကောင်စီစွာ ရီကြောင်း၊ လီကြောင်း၊ လက်နက်ကြီးပစ်ကူတိနန့် တိုက်ခိုက်နီပနာ တိုက်ပွဲပြင်းထန်လို့ ဟိကြောင်းနန့် စစ်ကောင်စီဖမ်းထားရေ ဓားစာခံပြည်သူအချို့ကို ထပ်မံကယ်ထုတ်နိုင်ခကြောင်း AA က ဆိုပါရေ။
စစ်ကောင်စီစွာ ပေါက်တောမြို့အတွင်း တိုက်ပွဲဖြစ်ပွားရာ နီရာတိသို့ ဒေနိမိုးထ ၁၀ နာရီ ၅ မိနစ်လောက်ကစပျာ MiG 35၊ ဂျက်တိုက်လီယာဉ်ရို့နန့် တလှည့်စီလာရောက်ဗုံးကြဲတိုက်ခိုက်ခစွာရေ သုံးကြိမ်တိုင်ဟိခရေပိုင် ဒေနိ နိခင်း ၁၂ နာရီ ၅ မိနစ်အချိန်မာ လောကထိပ်ပန် ဘုရားကုန်းကို ဂျက်တိုက်လီယာဉ်တစီးနန့် မိနစ် ၂၀ လောက် လှည့်ပတ်ပစ်ခတ်တိုက်ခိုက် ခပါသိမ့်ရေ။
ယင်းနည်းတူ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းရွာ လမ်းသုံးခွဆုံအနားမာလည်း ထီးချိုင့်မြို့အခြီစိုက် ခမရ (၃၆၇) တပ်ရင်းနန့် ရက္ခိုင့်တပ်တော်ရို့စွာ နိုဗမ်ဘာ ၂၁ ရက်နိ၊ နိခင်း ၁၂ နာရီ ၁၅ မိနစ်ကစတင်ပနာ တနာရီလောက်ကြာ တိုက်ပွဲဖြစ်ပွားခကြောင်း သိရပါရေ။
ပြည်သူကို ရည်ရွယ်ချက်ဟိဟိ အနိုင်ကျင့် ခြိမ်းခြောက်သတ်ဖြတ်ပျာ စစ်ရာဇဝတ်မှုတိကို လက်ရဲဇက်ရဲဆက်တိုက်ကျူးလွန်နီရေ စစ်ကောင်စီ၏ တပ်စခန်းတိနန့် လက်နက်ချ အညံ့မခံရေလူတိကို ရက္ခိုင့်တပ်တော်အနီနန့် ဆက်လက် တိုက်ခိုက်လားဖို့လို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။



